Skip to main content

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်း သာစည်မြို့နယ်အတွင်းနေရာအချို့၌ ရေကျော်မှုဖြစ်ပွားနေ၍ အန္တရာယ်ကင်းစေရေးအတွက် ယာဉ်အသွားအလာများ ရပ်တန့်ထား

သာစည် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စက်တင်ဘာ ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်း နေရာအချို့၌ ရေကျော်မှုနှင့်လမ်းသား ပဲ့ကျမှုများဖြစ်ပွားနေ၍ ယာဉ်အသွားအလာများအန္တရာယ်ကင်းစေရေးအတွက် ယဉ်အသွားအလာများ ရပ်တန့်ထားစေကြောင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနနှင့်တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။

ရေကျော်မှုများဖြစ်ပွားရာတွင် မိုင်တိုင်(၂၁/-၂၁/)အထ()ဖာလုံခန့်၊မိုင်တိုင်(၂၂/-၂၂/)အတွင်း ()ဖာလုံ ခန့်၊မိုင်တိုင်(၄၅/-၄၅ /)အတွင်း()ဖာလုံခန့်တို့တွင် ရေအမြင့်()ပေခန့် လမ်းပေါ် ရေကျော်လျက်ရှိပြီး မိုင်တိုင် (၄၃/-၄၃/)အတွင်း ()ဖာလုံခန့်တွင် ရေအမြင့်()ပေခန့် လမ်းပေါ် ရေကျော်လျက်ရှိကြောင်း သိရသည်။ မိုင်တိုင်(၂၈/-၂၈/)အတွင်း (ယာဘက်)အလျား()ပေ အကျယ်()ပေခန့်၊ မိုင်တိုင်(၄၀/-၄၀/)အတွင်း(ဝဲဘက်) အလျား(.)ဖာလုံ အကျယ်()ပေခန့်၊ မိုင်တိုင်(၄၅/၇၄၆/)အတွင်း(ဝဲဘက်)အ လျား(၁၅၀)ပေ အကျယ်()ပေခန့်၊ မိုင်တိုင်(၄၆/-၄၆/)အတွင်း (ဝဲဘက်အလျား()ဖာလုံခန့် အကျယ်()ပေခန့်နှင့်မိုင် တိုင်(၄၇/-၄၇/)အတွင်း (ဝဲဘက်)အလျား(၃၀၀)ပေခန့်အကျယ်(၁၄)ပေခန့်တို့ ကတ္တရာလမ်းသားများ ပဲ့ကျလျက်ရှိကြောင်း သိရသည်။

မိုင်တိုင်(၄၂/-၄၂/)အတွင်း(၂၅)ပေခန့်နှင့် မိုင်တိုင်(၄၇/-၄၇/)အတွင်း(၃၀)ပေခန့် တောင်ပြို မြေများအား ရှင်းလင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ အလားတူ ပျော်ဘွယ်-ဘုရားငါးဆူလမ်းတွင် လမ်းပိုင်းရေကျော်မှုနှင့်လမ်းသားပဲ့ကျမှုများ ဖြစ်ပွားခဲ့ရာ မိုင်တိုင်(၁၀/-၁၀/)အတွင်း()ဖာလုံခန့်တွင် ရေအမြင်()ပေခန့် လမ်းပေါ်ရေကျော်လျက်ရှိပြီး မိုင်တိုင်(၁၁/-၁၁/)အတွင်း()ဖာလုံခန့်တွင် ရေအမြင့်()လက်မခန့် လမ်းပေါ်ရေကျော်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)