Skip to main content

Apr 30, 2024

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနရှိ တာဝန်ထမ်းဆောင် လျက်ရှိသည့် အရာထမ်းနှင့် အမှုထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သောအရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုဂုဏ်ပြုအားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင် ထိန်းသိမ်းခြင်းနှင့် ပုဂံမြို့ဟောင်းကျုံးတူးဖော် ထိန်းသိမ်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (H.E. Mr. Wang Xiao Hong) ၏ ဖိတ်ကြားချက်အရ ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ မြန်မာ-တရုတ် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့ပြီးယနေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း LEGAL ADVOCACY CENTER (LAC) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

​​​​​​​မျက်မှောက်ကာလတွင် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများက မြို့ရွာများအား တိုက်ခိုက်နှောင့်ယှက်ဖျက်ဆီးနေသည့် လုပ်ရပ်များကို မြင်တွေ့နေရသည်။ အထူးသဖြင့် နယ်စပ်ဒေသပတ်ဝန်းကျင်ရှိ မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြပြီး ဒုက္ခအခက်အခဲမျိုးစုံ ကြုံတွေ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းတွင် နေထိုင်နေသရွေ့ မိမိတို့၏ နေ့စဉ်ဘဝနေရာတိုင်းတွင် တရားဥပဒေရှိနေသည်။ အမှတ်တမဲ့နှင့် သတိမမူမိစေကာမူ လူမှုအဖွဲ့အစည်းယန္တရားကြီး ပုံမှန်လည်ပတ်နေခြင်းသည် တရားဥပဒေ တည်ရှိနေခြင်းကြောင့်သာဖြစ်ပြီး တရားဥပဒေစိုးမိုးမှုပျက်ပြားသွားသည်နှင့် အချိန်မဆိုင်း လူ့အဖွဲ့အစည်းတစ်ရပ်လုံး ပျက်စီးသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ တရားဥပဒေကို လူတိုင်းသိရှိနားလည်ထားကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းအရေအတွက် ၈၃ ခု မှတ်ပုံတင်ထားကြောင်း ပြည်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။ အဆိုပါမှတ်ပုံတင်ထားသည့်လုပ်ငန်းများမှ ရွှေတောင်မြို့ရှိ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းရှင် မဥမ္မာကျော်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ MSMEs လုပ်ငန်းရှင်များအား ထောက်ပံ့အားပေးကူညီလျက်ရှိရာ MSMEs လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသောကဏ္ဍတစ်ခု ဖြစ်လာသကဲ့သို့ ဒေသတွင်းထွက်ကုန်ပစ္စည်းများ အမျိုးမျိုးထုတ်လုပ်နိုင်လာသောကြောင့် ပြည်ပမှတင်သွင်းရသည့်သွင်းကုန်များ လျော့နည်းကာ ပြည်ပသို့တင်ပို့ရောင်းချရသည့်ပို့ကုန်များ ပိုမိုဖွံ့ဖြိုးလာသဖြင့် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာစေပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်(ခ)အဆင့် စုပေါင်းရုံး သုံးထပ်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦအထူးအဖွဲ့(၆)မှ (မြို့ပြ၊ ရေသန့်၊ လျှပ်စစ်) အင်ဂျင်နီယာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ကြွေပန်းကန်ပြား ၁၃၁၀၄ ချပ် အပါအဝင်ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၉၇၇၈၀၀၀)နှင့် လိုင်စင်မဲ့ Toyota Passo ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)ကိုလည်းကောင်း၊ မုံရွာမြို့ မြို့ရှောင်လမ်း တောင်ပုလုလမ်းဆုံအနီး၌ လိုင်စင်မဲ့ Lifan သုံးဘီး ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀)ကို လည်းကောင်း၊ စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက် ဆင်များရှင်ဘုရားဝင်း ကျောက်စိမ်းဂိုဒေါင်အနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင် ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Yifulin မိန်းကလေးစီးဖိနပ်အရန် ၈၀ အပါအဝင် ကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၅၂၉၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၀၃၀၉၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းတွင် မကွေးမြို့ရှိတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝါလုပ်ငန်းရှင်များတွေ့ဆုံ၍ ဝါကြိတ်ခွဲမှုအခြေအနေများ၊ မျိုးစေ့ပြန်လည် ရွေးချယ်ထုတ်လုပ်မှုအခြေအနေများ၊ ဈေးကွက်ရရှိမှုအခြေအနေများနှင့် ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် အမှတ် (၀၃၂)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ စက်မှုဇုန်-၄ ရှိ ပြည်ဖြိုးအောင်ကုမ္ပဏီ၏ ပဲသန့်စင်စက်ရုံနှင့် နှမ်းလှော်စက်သို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူက ပဲသန့်စင်ထုတ်လုပ်နိုင်မှု၊ ပြည်တွင်း၌ သိုလှောင်ဖြန့်ဖြူးပေးနေမှု၊ ပြည်ပသို့တင်ပို့နိုင်မှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး စက်ရုံအတွင်း ကြည့််ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

KKO (ခွဲထွက်) ကျော်သက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား နှောင့်ယှက်တိုက်ခိုက်ရန် ရည်ရွယ်ပြီး ဧပြီလဆန်းပိုင်းမှစ၍ သာလွန်အင်အားများဖြင့် ကော့ကရိတ်-သင်္ကန်း ညီနောင်လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိ ကောင်းမှုကျေးရွာ၊ ရန်ကုတ်ကျေးရွာနှင့် ကြောင်ရှာကုန်းကျေးရွာတို့မှတစ်ဆင့် ကော့ကရိတ်မြို့တွင်း ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စုစုပေါင်းထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များခိုလှုံနိုင်ရန်အတွက် အောက်ဖော်ပြပါတည်နေရာများ၌ ရာသီဥတုခိုလှုံနိုင်ပါကြောင်းကို (၂၆-၄-၂၀၂၄)ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၄ ဖြင့် ထုတ်ပြန်ပေးထားပြီး ဖြစ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းက ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူတို့နှင့်အတူ ညောင်ဦးအထက်တန်းကျောင်းနှင့် မြို့မအထက်တန်းကျောင်းတို့ကို ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်