Skip to main content

ရွှေတောင်မြို့နယ်တွင် တောင်ကျရေများစီးဆင်း၍ ကားလမ်းမပေါ်ရေကျော်မှုဖြစ်ပွားသည့် နေရာများ၌ သွားလာရေးအဆင်ပြေစေရန် ကူညီရေးလုပ်ငန်းများ ဆောင်ရွက်

ရွှေတောင် စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ပြည်- ရန်ကုန်ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၉၆/ ၁ နှင့် ၁၉၆/ ၂ အကြား မိုးသည်းထန်စွာရွာသွန်းမှုအရှိန်​ကြောင့် တောင်ကျရေများစီးဆင်း၍ ကားလမ်းမပေါ်(၁)ပေခွဲခန့်ရေကျော်မှုဖြစ်ပွားခဲ့သည်။

 မိုးသည်းထန်စွာရွာသွန်းမှုအရှိန်ကြောင့် တောင်ကျရေများစီးဆင်း၍ ကားလမ်းမပေါ် ရေကျော်ခဲ့သည့်နေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပရဟိတနာရေးကူညီမှုအသင်းသားများနှင့်အတူ ပြည်သူများအား သွားလာရေးအဆင်ပြေစေရေးအတွက် ကူညီရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)