အုတ်တွင်း စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့အမှတ်(၅)ရပ်ကွက်၊ ဗျက်ကလေးပိုင်းနှင့် ဆွဲလွဲချောင်းကျေးရွာအုပ်စု၊ စပါးကျီကျေးရွာအတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြောင်းရွှေ့ကူညီရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးတင်ယု၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူးဦးအေးဟန်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ရာတွင် ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိပါကြောင်း ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူးထံမှ သိရပါသည်။
မြို့နယ်(ပြန်ဆက်)