May 03, 2024
အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်
May 03, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မဟာနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် မဟာနာယကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသတို့ကို သွားရောက်ဖူးမြော်ကြည်ညိုပြီး ဥပ္ပါတသန္တိကျမ်းစာအုပ်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
May 03, 2024
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၄-၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၃၀) စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
May 03, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD Han အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ BYD Atto 3 အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Super Seven Stars Motors Industry Co., Ltd. က တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Win Motor Myanmar Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Auto Top Power Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် မေ ၂ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။
May 03, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “ Painted Jezebel ” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ၂၀၂၄ ခုနှစ် မေ ၅ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ခူးလ ပြည့်ကျော် ၁၂ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွား မည်ဖြစ်သည်။
May 03, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။
May 03, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
May 03, 2024
တည်ငြိမ်အေးချမ်းသောနိုင်ငံများတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှ ကုန်သွယ်စီးပွားလုပ်ငန်းများကို ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ပြည်သူများ၏ လူမှုဘဝမြင့်မားတိုးတက်လာမည်။ ထို့ကြောင့် တိုင်းပြည်မြို့ရွာ တည်ငြိမ်အေးချမ်းရေးကို အရေးအကြီးဆုံးလုပ်ငန်းစဉ်အဖြစ်ရှုမြင်ပြီး အားလုံးပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
May 03, 2024
နိုင်ငံတည်ဆောက်ရေးတွင် ရုပ်ဝတ္ထုအရင်းအမြစ်နှင့် ငွေကြေးအရင်းအမြစ်တို့ထက် လူသားအရင်းအမြစ်က အခြေခံအကျဆုံး နှင့်အရေးကြီးဆုံးဖြစ်သည်။ လူသားအရင်းအမြစ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူများနှင့် ထိုလူများ၏အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် စိတ်ဓာတ်ရေးရာအခြေအနေများ၊ သဘောထားအယူအဆများ အားလုံးလွှမ်းခြုံပါဝင် သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ် လုပ်နိုင်သောလူဦးရေ အချိုးအစား ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေရာ ထိုကဲ့သို့များပြားနေခြင်းသည် “လူဦးရေဆိုင်ရာဆုလာဘ်” ကို ရရှိနေခြင်းပင်ဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း အကျိုးရှိရှိအသုံးချနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း လူဦးရေပညာရှင်များက မိန့်ဆိုထားသည်။
May 02, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ မြို့မဈေးကြီး၊ ပြည်သူ့ဆေးရုံကြီးနှင့် ဆေးပေးခန်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုများသည် ဘေးလွတ်ရာနေရာဒေသများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီး ၎င်းပြည်သူလူထုများ နေထိုင်စားသောက်ရေးအဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 02, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာရှိနေအိမ်များ မီးရှို့ခံရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားမှုဖြစ်စေရန်အတွက် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရပါသည်။
May 02, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ခေမာသီဝံပရိယတ္တိစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
May 02, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင်ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် အောက်ဖော်ပြပါတည်နေရာများ၌ ရာသီဥတုခိုလှုံနိုင်ပါကြောင်း ကို (၂၆-၄-၂၀၂၄) ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၄ ဖြင့် ထုတ်ပြန်ပေးထားပြီးဖြစ်ပါသည်
May 02, 2024
တရုတ်နိုင်ငံရှိ ဈေးကွက်အနေအထားကို သိရှိနိုင်ရန် သရက်သီးစမ်းသပ်တင်ပို့နေပြီး ၁၆ ကီလို တစ်ခြင်းလျှင် ယွမ် ၁၄၀ အထိ ဈေးရရှိနေကြောင်း သရက်တင်ပို့နေသည့် သစ်သီးပွဲရုံတစ်ရုံမှ သိရသည်။
May 02, 2024
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့၌ ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ စခန်းချနေထိုင်လျက်ရှိသည့် ၂၀၂၄ ခုနှစ် လူရည်ချွန်စခန်း (ချောင်းသာ) စခန်းပိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ညပိုင်းက စခန်းတည်ရှိရာ AZURA ဟိုတယ်ရှေ့ ကမ်းခြေသဲသောင်ပြင်တွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 02, 2024
ဒေသအတွင်းရာသီအလိုက် သီးနှံများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ စိုက်ဧကစာရင်းများ မှန်ကန်စွာလျာထားဆောင်ရွက်နိုင်ရေး၊ စာရင်းများမှန်ကန်စေရေးနှင့် သတ်မှတ်ပန်းတိုင်အထွက်နှုန်း ရရှိနိုင်စေရေးအတွက် ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန စသည့်ဌာန များနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းတာဝန်ခံများ တက်ရောက်ကြသည်။
May 02, 2024
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မြင်စိုင်းမြို့ဟောင်းအနီးတွင် တည်ရှိသည့် တောင်ကျွန်းဟုခေါ်သော ဝါစေ့တောင်၌ ယခင်က မွန်ဂိုများကို တိုက်ခိုက်စဉ် အသုံးပြုခဲ့သည်ဟုယူဆရမည့် ကျောက်လိုဏ်ဂူများ ရှိနေကြောင်းသိရသည်။
May 02, 2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတီဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။
