Sep 13, 2024
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုတို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်(၅) တက်ရောက်ရန်အတွက် အသက်မပြည့်သေးသည့်လူငယ်များကို အသက်လိမ်၍ မှတ်ပုံတင်ပြုလုပ်ပေးပြီး သင်တန်းတက်ရောက်ရမည်ဟု သတင်းတု၊ သတင်းအမှားများဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Sep 13, 2024
ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ ၁၀ ရက်တွင် ကျုံပျော်မြို့နယ်မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် ခရီးသည်တင်ကားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေး၍ မှတ်ပုံတင်နှင့်ခရီးသွားထောက်ခံစာမပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှဆွဲချဖမ်းဆီးပြီး စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် စုဆောင်းမှုများရှိနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Sep 13, 2024
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့် အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ မြို့နယ်အချို့တို့တွင် ရုတ်တရတ်ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။
Sep 13, 2024
၁။ မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေဘေးများဖြစ်ပွားလျက်ရှိရာ ရေဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် အလှူငွေနှင့် အလှူပစ္စည်းများအား ပါဝင်လှူဒါန်းနိုင်ပါသည်။
Sep 13, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေများ မြင့်တက်လာမှုနှင့်အတူ မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကာ ကားလမ်း၊ ရထားလမ်းများ ရေကျော်ခြင်း၊ တံတားအချို့ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များ ပျက်စီးခြင်းစသည့်တို့ ဖြစ်ပွားခဲ့သည်။
Sep 13, 2024
မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပွားနေသော မြို့နယ်ပေါင်း ၃၄ မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦး ရှိပါသည်။ ၎င်းတို့အတွက် ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားပြီးဖြစ်ပါသည်။ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ရေကြီးနစ်မြှုပ်မှုများကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦး ရှိခဲ့ပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ရေဘေးဒဏ်သင့်ဒေသများအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးရရှိအောင် ကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။
Sep 13, 2024
နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေရွာ၊ ရွာသစ်ကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာများအတွင်း ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်များအတွင်းပိတ်မိနေသည့် ပြည်သူများကို ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းမှစတင်ကာ အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 13, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွား၍ စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 13, 2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရေဘေးရှောင်စခန်းများရှိ ပြည်သူများအား ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ခြင်း ကို ယနေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။
Sep 13, 2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း စက်တင်ဘာ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းသာ သနိကအဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုရှိသည့်နေရာများအား ယနေ့နံနက် ၉ နာရီခွဲအချိန်ကသက်ဆိုင်ရာဌာနဆိုင်ရာများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 13, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် ရေဝင် ရောက်သည့် နေအိမ်များအား စေတနာရှင်များမှ လှူဒါန်းသော ထမင်းထုပ်နှင့် ရေသန့်ဘူးများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့် စေတနာရှင်များက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 13, 2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ကညင်ချောင်းရေမြင့်တက်လာမှုကြောင့် ဟင်္သာတ-မြန်အောင် ကားလမ်းပေါ်တွင် ရေကျော်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Sep 13, 2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေ လျှံတက်မှုများကြောင့် စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာအထက်ကျော်လွန်ပြီး (၉၂၂) စင်တီမီတာသို့ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Sep 13, 2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါပြီး မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ကျောက်ဆည်ခရိုင်အတွင်း ရပ်ကွက်အချို့၊ စာသင်ကျောင်းနှင့် ပြည်သူ့ဆေးရုံဝင်းအတွင်း ရေဝင်ရောက်နေမှုများနှင့် ရန်-မန်းကားလမ်း ရေကျော်နေမှုများကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်အိမ်ထောင်စုဝင်များအား ယမန်နေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံကာ အားပေးစကားများပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
Sep 13, 2024
တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင်ရောက်ရှိနေသော မြန်မာနိုင်ငံစာရေးဆရာအဖွဲ့သည် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကွမ်ရှီးပုံနှိပ်ထုတ်ဝေရေးနှင့် မီဒီယာလုပ်ငန်းစုနှင့် LiJiang Academy ၌တွေ့ဆုံ၍ စာပေဖန်တီးမှုလက်ရာများ အပြန်အလှန်ပူးပေါင်းဖလှယ်ရေးနှင့် နှစ်နိုင်ငံပြည်သူများ ပိုမိုချစ်ကြည်ရင်းနှီးရေးအတွက် ဦးတည်သည့်စာပေများပြုစုရေးဆွေးနွေးကြသည်။
Sep 13, 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ညောင်ဦးမြို့နယ်အတွင်း အိမ်ပြိုလဲခြင်း၊ သစ်ပင်များပြိုလဲကာလမ်းများပိတ်ဆို့နေခြင်းတို့အား ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များက ကူညီရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 13, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရကျောင်းတိုက်၊ ကယ်ဆယ်ရေးစခန်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါစခန်းတွင် ကျင်းပခဲ့သည်။
Sep 13, 2024
မြန်မာ့လယ်ယာ ထွက်ကုန်များ၏ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် စီမံခန့်ခွဲမှုစနစ် သင်တန်းဆွေးနွေးပွဲ “Training Workshop on Agriculture Supply Chain Management System in Myanmar” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 13, 2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ စက်တင်ဘာ(၁၀)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဇော်ဂျီမြစ်ရေများ လျှံတက်ခဲ့သောကြောင့် စက်တင်ဘာ(၁၁)ရက်နံနက် (၁၁)နာရီအချိန်တွင် ဟန်မြင့်မိုရ်၊မြို့ကြီး၊ရွာငံ၊အောင်ပန်းကားလမ်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လမ်းပိုင်း တစ်နေရာ ရေတိုက်စားပြတ်တောက်ခဲ့ကြောင်း သိရသည်။
Sep 13, 2024
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
