Skip to main content

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကဝမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ကဝ ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်  တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ကဝမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် သပြု-ရှမ်းကန်-ကဝလမ်းကို ဆက်သွယ် တည်ဆောက် လျက်ရှိသည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တံတားတည်ဆောက် ရေး တာဝန်ရှိသူများက တည်ဆောက်ရေးနှင့်ပက်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပဲခူးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကဝမြို့၊ မြို့ရှောင်လမ်းနှင့် ဖလေး-ကျားတက် လမ်းတံတား ဆောင်ရွက်နေမှု အခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ် ပဲခူးလမ်းမကြီး၏ လမ်ဘေးဝဲယာတွင် ပလပ်ဖောင်း အုတ်ရေမြောင်း ပြုလုပ် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)