နေပြည်တော် ဩဂုတ် ၂၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ သတ္တသတ္တာဟစေတီတော်(သံဝေဇနိယလေးဌာန–ဖွား၊ ပွင့်၊ ဟော၊ စံ—)၌ ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က လင်းလွန်းပင်အား သတ်မှတ်နေရာတွင် စိုက်ပျိုးပေးပြီး အမြဲတမ်းအတွင်း ဝန် ဦးထွန်းအုံ၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က မဟော်ဂနီပင်နှင့် အင်ကြင်းပင်များအား သတ်မှတ်နေရာများတွင် စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝန်ထမ်းများ သစ်ပင် စိုက်ပျိုး နေမှုအား လိုက်လံကြည့်ရှုအားပေးသည်။
၂၀၂၀ ပြည့်နှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တွင် လင်းလွန်းပင်၊ အင်ကြင်းပင်၊ ငုရွှေပင်၊ ငုစပ်ပင်၊ ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ မဟော်ဂနီပင်၊ ပိတောက်ပင် စသည့် အပင်အမျိုးအစား ၁၂ မျိုးတို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)