Skip to main content

Nov 21, 2020

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ မဟာဘုံကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ တက်ရောက်၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယနေ့နံနက် ၉ နာရီ အချိန်ခန့်က ဘားအံမြို့ အမှတ်(၇)ရပ်ကွက် မန်းဘခိုင်လမ်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံး (၂)ထပ် အဆောက်အဦသစ်အား ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာရှိ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက် ဝိုင်းမြေနေရာ ချထားပေးနိုင်ရေး ထောက်ပံ့ငွေများ လာရောက်ပေးအပ်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်ငူခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီအချိန် တောင်ငူမြို့နယ်၊ မြောက်ရေကြည် ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၌ ပြုလုပ်သော လျှပ်စစ်မီးလင်းရေး၊ လမ်း၊ တံတားဖွင့်ပွဲ အခမ်းအနားသို့တက် ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) နှင့် အပြည်ပြည်ဆိုင်ရာ ပင်မ ဝင်ပေါက် ထွက်ပေါက်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထား သည့် Campana Mythic Co.,Ltd သည် မြန်မာ-စင်္ကာပူ အပြည်ပြည် ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် သွယ်တန်းခြင်းလုပ်ငန်းကို MV.Majestic Seven (Call Sign: XYGK), Asean Protector (Call Sign: 9VYR5) Royal Nadi သင်္ဘော သုံးစင်းတို့ဖြင့် Point. A1 တွင် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၃၁ မိနစ် ၉၁၉ စက္ကန့်

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

အသေးစား၊ အလတ်စား အရက်ချက်စက်ရုံများ၏ အရက် ထုတ်လုပ်နိုင်မှုနှင့် သတ်မှတ်လုပ်ထုံးလုပ်နည်း လိုက်နာမှု အခြေအနေနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

ရန်ကုန် နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိသည့် ငွေပေးချေမှုစနစ်အသစ်ဖြစ်သော New Payment and Settlement System (CBM-Net2) ကို နိုဝင်ဘာ ၁၆ ရက် မှစတင်၍ အသုံးပြုလျက်ရှိ ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏ ထုတ်ပြန်မှုအရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020


နေပြည်တော် နိုဝင်ဘာ ၂၀


ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် KOICA Myanmar Office တို့အကြား ပူးပေါင်းဆောင်ရွက်သည့် Central Backbone Expressway in Myanmar( Yangon– Mandalay Expressway and Yangon - Ngayokekaung Express-way ) စီမံကိန်း မိတ်ဆက်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမဆောင်မှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်