နေပြည်တော် နိုဝင်ဘာ ၂၀
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကချင်ပြည်နယ်အတွင်းရှိ နေရပ် စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင် အထည် ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး က ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာ ချထားမှုကိစ္စနှင့် ပတ်သက်၍ ကချင်ဒေသ တိုက်ပွဲရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) အဖွဲ့နှင့် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရန်ရှိကြောင်း၊ တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် များနှင့်စပ် လျဉ်း၍ ဆွေးနွေး ကြရန်လိုအပ်ကြောင်း၊ ထို့အပြင် လုပ်ငန်းဆောင်ရွက်နေမှု များ၏ တိုးတက်မှုများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ အပေါ် ဆွေးနွေးပေးကြရန် ပြောကြားသည်။
ယင်းနောက် လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယ အကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် နေမှုများနှင့် နေရပ်ပြန်ရေးကိစ္စရပ်များအား ရှင်းလင်းတင်ပြ ရာ တက်ရောက်လာကြသူများက KHCC နှင့် စတုတ္ထအကြိမ် အစည်းအဝေးတွင် ဆွေးနွေးရမည့် အချက်များအား အကြံပြု ဆွေးနွေးကြသည်။
အဆိုပါ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်း အဖွဲ့ကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ ခုနှစ် မေလ ၈ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့််ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင် အဖြစ် ဦးဆောင်၍ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်