မုံရွာ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ မဟာဘုံကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ တက်ရောက်၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။
ရှေးဉီးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်း တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး နိုင်ငံတော် ဩဝါဒါစရိယ မုံရွာမြို့၊ ဓမ္မပါရဂူကျောင်းတိုက် ဘဒ္ဒန္တအရိယာလင်္ကာရ အရှင်သူမြတ် ထံတော်မှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် တိုင်ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ဆရာတော်များထံသို့ ကထိန်လျာ ဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် မုံရွာမြို့ ဇမ္ဗူ့ရောင်ခြည် ကျောင်းတိုက်၊ တိုက်အုပ်နာယက ဘဒ္ဒန္တ ဃောသိတ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားတော်များကို နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြ ကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်း ခဲ့သည်။
ယနေ့ ကျင်းပပြုလုပ်သော စုပေါင်းမဟာဘုံကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားအား မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်(၁၁)ကျောင်းအတွက် စုစုပေါင်း လှူဒါန်းငွေကျပ်(၃၂,၄၉၀,၆၁၀) ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြွရောတော် မူကြသော ဆရာတော်သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)