Skip to main content

Nov 24, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ဆောင်းပါးနှင့် ဝတ္ထုတိုပြိုင်ပွဲဆုများ ချီးမြှင့်ရေးအတွက် ဆောင်းပါးဆု စိစစ် ရွေးချယ်ခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ဝတ္ထုတိုဆုများ စိစစ် ရွေးချယ်ခြင်းကို Online Video Con-ferencing စနစ်ဖြင့် လည်းကောင်း ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီ (ကျယ်ဂေါင်)တို့တွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား Virtual Event ဖြင့် အောင်မြင်စွာကျင်းပနိုင်‌ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ COVID-19 ရောဂါ ကူးစက်ခံရမှုနှုန်း အများဆုံးဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ချေးငွေရယူထားသော အသင်းသားများအတွက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ပေးဆပ်ရန်ရှိသည့် အရင်းနှင့် အတိုးများကို ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်အထိ ပေးဆပ်ခြင်းမှ ရွှေ့ဆိုင်းပေးရန်နှင့် ယင်းကာလအတွက် ပေးဆပ်ရန်ရှိသည့် အရင်းနှင့် အတိုးများကို ၂၀၂၁ ခုနှစ်၊ မေလမှ အောက်တိုဘာလအထိ အရစ်ကျပြန်လည် ပေးဆပ်နိုင်ရန် စီစဉ်ထားပါကြောင်း၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ နစ်နာမှုမရှိစေရန် ယင်းကာလအတွက် ချေးငွေရယူထားသော အသင်းသားများထံမှ ရရန်ရှိသည့် အရင်းနှင့်အတိုးများကို မြန်မာ့စီးပွားရေးဘဏ်မှ သက်ဆိုင်ရာ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ကာလတို အတိုးမဲ့ချေးငွေ (၁) နှစ် သတ်မှတ်၍ ထုတ်ချေးပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုတွင် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းနှေးကွေးပြီး အချို့လည်း ရပ်တန့်နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာကြသည့် စီးပွားရေးလုပ်ငန်းများတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပါဝင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

ယခုအခါ မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုက ကာလရှည်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံ ပြည်သူလူထုအတွင်း စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများ၊ စီးပွားရေးအရ ထိခိုက်နစ်နာမှု များတို့နှင့် ကြုံတွေ့နေကြရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

(၂၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၂၁၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၂၅၉) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs)များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရာတွင် UN Agency များ၏ ကဏ္ဍအလိုက် ညှိနှိုင်းမှုသေချာစေရေး အတွက် နည်းပညာ ဆိုင်ရာညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

(၂၂-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၉၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်