Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ COVID-19 ရောဂါ ကူးစက်ခံရမှုနှုန်း အများဆုံးဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ချေးငွေရယူထားသော အသင်းသားများအတွက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ပေးဆပ်ရန်ရှိသည့် အရင်းနှင့် အတိုးများကို ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်အထိ ပေးဆပ်ခြင်းမှ ရွှေ့ဆိုင်းပေးရန်နှင့် ယင်းကာလအတွက် ပေးဆပ်ရန်ရှိသည့် အရင်းနှင့် အတိုးများကို ၂၀၂၁ ခုနှစ်၊ မေလမှ အောက်တိုဘာလအထိ အရစ်ကျပြန်လည် ပေးဆပ်နိုင်ရန် စီစဉ်ထားပါကြောင်း၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ နစ်နာမှုမရှိစေရန် ယင်းကာလအတွက် ချေးငွေရယူထားသော အသင်းသားများထံမှ ရရန်ရှိသည့် အရင်းနှင့်အတိုးများကို မြန်မာ့စီးပွားရေးဘဏ်မှ သက်ဆိုင်ရာ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ကာလတို အတိုးမဲ့ချေးငွေ (၁) နှစ် သတ်မှတ်၍ ထုတ်ချေးပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန