ဒီးမော့ဆို ဒီဇင်ဘာ ၃
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား ပြည်နယ်အစိုးရအနေဖြင့် ထိရောက် စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြေပြင်တွင် ဆောင်ရွက်နေရသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်း များအား ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ချက်မရှိစေရေးနှင့် အဆင်ပြေ ချော့မွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ထိထိရောက်ရောက် စိစစ် ဆောင်ရွက်နိုင်ရေး၊ တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လိုအပ်သည်များကို အချိန်နှင့် တစ်ပြေး ညီ ဖြည့်ဆည်းပေးနိုင်ရန်နှင့် လိုအပ်သလို ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုနှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒီးမော့ဆိုမြို့နယ်ရှိ မြို့နယ် အဝင်/အထွက် ဂိတ်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတဝီနှင့် ပန်ပက် ပူးပေါင်းစစ်ဆေးရေး ဂိတ်သို့လည်းကောင်း၊ ရှမ်းပြည်နယ် မိုးဗြဲမှ တစ်ဆင့် ဝင်ရောက်နိုင်သည့် လီဝိုးနှင့် ကပ္ပါယ်ခူ ပူးပေါင်းစစ်ဆေးရေး ဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးမေးမြန်းခြင်း၊ မှတ်ပုံတင်ရေးသွင်းထားသည့် စာအုပ်များ စနစ်တကျ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဝင်ထွက်သွားလာမှုနှင့် ပတ်သက်ပြီး အသေးစိတ် မှတ်တမ်းထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး သွားလာသူများအနေဖြင့် အနေဖြင့် Mask အသုံးမပြုဘဲ ဝင်/ထွက် သွားလာမှုကို ထိရောက်စွာ အသိပညာပေး ဟန့်တားဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်၊ လီဝိုးကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ် ပြုပြင်ဆောင်ရွက်ပေးနိုင်ရန်နှင့် သန့်စင်ခန်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းညွှန်မှာကြား ခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကြက်ဥ၊ ရေသန့်ဘူးနှင့် မာမီးခေါက်ဆွဲ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ခေတ္တပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကယားပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပို့ငွေဖြင့် ကုန်းသာ ကျေးရွာရှိ ဘောလုံး အားကစားကွင် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အောင်ထွန်းလေး(ပြန်/ဆက်)