Dec 14, 2020
မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ၎င်းလက်အောက်ဌာနမှ ဝန်ထမ်းများသည် နိုင်ငံတော်မှ ချမှတ်ပေးသော သင်တန်းကြေးများ၊ ရုံး အဆောက်အဦများအတွက် အသုံးစရိတ်များအား ကိုယ်ကျိုးသုံးစွဲ၍ အဂတိလိုက်စားမှု ကျူးလွန်နေမှုများကို အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။
Dec 14, 2020
(၁၃-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၂၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Dec 14, 2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်အတွင်း အရေးကြီး နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် Command and control centre အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ အဆိုပါအဆောက်အဦ၌ ကျင်းပခဲ့သည်။
Dec 14, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ(၁၃)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ရှောင်လမ်းဖြစ်သည့် ရွှေညောင်-ထီရီ(မွေးမြူရေးဇုန်)-လင်ကွင်း-ညိုမီး (၄)မိုင် ကွေ့လမ်း (မြို့ရှောင်လမ်း) (မိုင်၀/၀-၁၇/၄) တည်ဆောက်ခြင်းစီမံကိန်းအား ကွင်းဆင်းကြည့်ရှု့ရာ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်း ကြကြောင်း သိရသည်။
Dec 14, 2020
ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း၊ ကျောက်တွင်းကုန်းလမ်းဆုံတွင် ဒီဇင်ဘာ ၁၄ရက် နံနက်ပိုင်းအချိန်က ပဲခူးခရိုင် ကိုဗစ်-၁၉ကာကွယ်၊ ကုသရေးနှင့် အရေးပေါ် ထိန်းချုပ်ရေး ကော်မတီမှ ဆောင်ရွက်နေသည့် ကိုဗစ်ညွှန်ကြားချက်များအား ပြည်သူများလိုက်နာနိုင်ရေး အတွက် အသိပညာပေးဆောင်ရွက်မှုတွင် တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 14, 2020
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရေးအတွက် လေကြောင်းလိုင်းများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။
Dec 14, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Dec 14, 2020
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ပါမောက္ခချုပ်များကော်မတီ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 14, 2020
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံဖြစ်သည်။ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် အချုပ်အခြာအာဏာ ခက်မသုံးဖြာတို့ တည့်မတ်မှန်ကန်ခိုင်မာစွာဖြင့် အပြန်အလှန် ထိန်းကျောင်းမှုအောက်တွင် ပြည်သူများ လုံခြုံစိတ်ချပြီး အေးချမ်းစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနေသည်။
Dec 14, 2020
ကိုဗစ်-၁၉ ရောဂါပိုးက ယနေ့ထက်တိုင် အင်အားကောင်းကောင်းဖြင့် ကမ္ဘာလှည့် ခြိမ်းခြောက်နေဆဲဖြစ်သည်။ ရောဂါပိုးကူးစက်ပြီးသည်မှာ ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်း ၇၃ သန်းနီးပါးရှိနေပြီး ရောဂါကြောင့်အသက်ဆုံးရှုံးရသည်မှာ တစ်သန်းခွဲကျော်နေပြီတည်း။