Dec 13, 2020
စာပေမူပိုင်ခွင့်ဆိုင်ရာစုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ က စာပေမူပိုင်ခွင့်နှင့် နည်းပညာဆိုင်ရာများကို အများပြည်သူများ သိရှိစေရန် “စာပေနှင့်အနုပညာမူ ပိုင်ခွင့်နှင့်နည်းပညာအသိပညာပေး ဆွေးနွေးပွဲ အပိုင်း (၂) – Copyright and Technology Webinar: Episode 2” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ ည ၇ နာရီတွင် Zoom Video Conferencing စနစ် အသုံးပြု၍ Facebook / You Tube Live / Broadcast TV နေရာများတွင် ကျင်းပခဲ့သည်။
Dec 13, 2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Dec 13, 2020
(၁၂-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၅၆၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၂၇) ဦး တွေ့ရှိရပါသည်။
Dec 13, 2020
(၁၂-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့ရသော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၅၂) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Dec 13, 2020
တန်ချိန် ၆၆၀၀၀ ကျော်ရှိသော YM SUMMIT ပင်လယ်ကူး သင်္ဘောကြီးသည် ပဲပိစပ် တန်ချိန် ၂၀၀၀၀ ခန့်ကို တင်ဆောင်၍ အပြည်ပြည်ဆိုင်ရာသီလဝါဆိပ်ကမ်းသို့ ယမန်နေ့ ညနေပိုင်းက ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း သိရ သည်။
Dec 13, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူ ဆု၊ သုတပဒေသာ(ဝိဇ္ဇာ)ဆု ဒုတိယ ဆုရရှိသည့် စာရေးဆရာ ဇွဲသန်းသျှင်း (သုံးဆယ်)၏ “ပီမိုးနင်းစာများက ပြောသည့် ပီမိုးနင်း” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
Dec 13, 2020
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ Asia Pacific Telecommunity (APT) ၏ ပံ့ပိုး ကူညီမှု၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းသည် APT Young Professional & Students Programme (APTYPS) 2020 ပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အွန်လိုင်း ဆုချီးမြှင့်ပွဲအဖြစ် ကျင်းပခဲ့သည်။
Dec 13, 2020
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ကွဲပြားခြားနားမှုနှင့်အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း အမုန်းစကားဆန့်ကျင်ရေး နှင့် လူမှုသဟဇာတဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ (တတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲက Online ဖြင့် ကျင်းပခဲ့သည်။
Dec 13, 2020
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၂၆ ဦး အား ဟနွိုင်းမြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၆ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Dec 13, 2020
ယနေ့ကမ္ဘာတစ်ခွင်၌ Conflict of Interest (အကျိုးစီးပွားပဋိပက္ခ) ဟူသည့် ခေါင်းစဉ်နှင့် အကြောင်းအရာကို နယ်ပယ်အသီးသီးတွင် တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြသည်။ အထူးသဖြင့် ပညာရှင် များအကြားတွင်၊ သို့မဟုတ် ပညာရပ်ဆိုင်ရာ နယ်ပယ်တို့တွင်နှင့် အာဏာနှင့် လုပ်ပိုင်ခွင့် တာဝန်ကြီးများကို ရရှိထားကြသူတို့ကြားတွင် အလေးပေးပြောဆိုနေကြခြင်း ဖြစ်ပါသည်။ ။