Skip to main content

အမေရိကန်ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော်  ဒီဇင်ဘာ   ၁၃

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား    ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ     အင်ချွန်း အပြည်ပြည် ဆိုင်ရာ    လေဆိပ်မှတစ်ဆင့်  ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ  ၆  နာရီတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ  လေဆိပ် သို့ အဆင်ပြေ ချောမွေ့စွာ    ပြန်လည်ရောက်ရှိကြသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အမေရိကန်ပြည်ထောင်စုမှ ၆၀၊  ဩစတြေးလျမှ နှစ်ဦး၊ ဂျပန်မှ တစ်ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ  ၃၂ ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း ၉၅ ဦး လိုက်ပါခဲ့ကြသည်။

၎င်းတို့    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊   ကျန်းမာရေးစိစစ်ရေး၊   သီးသန့်စီစဉ်ပေးသည့် နေရာ/ သတ်မှတ်   ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက်   တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင်  အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား   ပြန်လည် ခေါ်ဆောင်ရန် Coronavirus    Disease    2019 (COVID-19)  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး  အမျိုးသားအဆင့်  ဗဟိုကော်မတီ၏    လမ်းညွှန်ချက်နှင့် အညီ  နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်   သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ     မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင် ရွက်ပေးလျက်ရှိရာ      ယနေ့အထိ အမေရိကန် ပြည်ထောင်စုရောက် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်လျက် ကိုရီးယားသမ္မတနိုင်ငံ   အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ကယ်ဆယ်ရေးလေယာဉ်  ကိုးကြိမ်တိုင် ပျံသန်းပြေးဆွဲပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။           

သတင်းစဉ်