Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီးမြို့ရှောင်လမ်း ကွင်းဆင်းကြည့်ရှု

 

တောင်ကြီး       ဒီဇင်ဘာ  -   ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ(၁၃)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ရှောင်လမ်းဖြစ်သည့် ရွှေညောင်-ထီရီ(မွေးမြူရေးဇုန်)-လင်ကွင်း-ညိုမီး (၄)မိုင် ကွေ့လမ်း (မြို့ရှောင်လမ်း) (မိုင်၀/၀-၁၇/၄) တည်ဆောက်ခြင်းစီမံကိန်းအား ကွင်းဆင်းကြည့်ရှု့ရာ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လင်ကွင်းကျေးရွာ ရှင်းလင်း ဆောင်သို့ ရောက်ရှိလာပြီး ရှင်းလင်းဆောင်ခန်းမတွင် မြို့ရှောင်လမ်း ဆောက်လုပ်နေမှုတို့ကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ရှင်းလင်းပြီး လမ်းခင်းနေမှုအား လှည့်လည် ကြည့်ရှုကြပြီး အဝိုင်းပတ်(၅)လမ်းဆုံဖြစ်သည့် ဖရဲ၊ ဆင်တောင်၊ ကံကြီး၊ ညိုမီး၊ ရွှေညောင်လမ်း ဖောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

အဆိုပါ တောင်ကြီးမြို့ရှောင်လမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြေသားလမ်းမိုင် (၁၇/၄) ရန်ပုံငွေ ကျပ် သန်း(၃၃၈.၆၂) တံတား လုပ်ငန်းတွင် Box Culvert ပေ(၅၀) ရန်ပုံငွေကျပ်သန်း (၆၆.၅၉၉) ရန်ပုံငွေ စုစုပေါင်းကျပ်သန်း (၄၀၅.၂၁၉)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာမိုင်(၅/၀)မိုင် လမ်းအနိမ့် အမြင့် ဖြေညှိခြင်း(၂/၀) ရန်ပုံငွေ ကျပ်သန်း (၉၇၇.၈၉) ဘေလီတံတား(၂၃၀)ပေ ရန်ပုံငွေကျပ်သန်း (၁၃၁.၇၅၅) ရန်ပုံငွေစုစုပေါင်း ကျပ်သန်း (၁၁၀၉.၆၄၅)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာမိုင်(၉/၀) ရန်ပုံငွေကျပ်သန်း(၁၇၉၆.၀၀)၊ ရန်ပုံငွေစုစုပေါင်း ကျပ်သန်း (၁၇၉၆.၀၀၀)နှင့် စုစုပေါင်း ကတ္တရာမိုင်(၁၄/၀) မြေသားလမ်းမိုင်(၁၇/၄) လမ်းအနိမ့်အမြင့် ဖြေညှိခြင်း (၂/၀)မိုင် ရန်ပုံငွေ ကျပ်သန်း (၃၁၁၂.၅၁)၊ ဘေလီတံတားပေ(၂၃၀) Box Culvert ပေ(၅၀) ရန်ပုံငွေကျပ်သန်း (၁၉၈.၃၅၄) ရန်ပုံငွေစုစုပေါင်းကျပ်သန်း (၃၃၁၀.၈၆၄)ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ် တောင်လေးလုံး၌ စည်ပင်သာယာမှ တာဝန်ယူ ဆောင်ရွက် နေသော ကွန်ကရစ်ကတ္တရာ ထုတ်လုပ်မည့်စက်အား သွားရောက်ကြည့်ရှုရာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးနေလင်းမှ ရှင်းလင်းကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)