ဒိုက်ဦး ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ နံနက်(၁ဝး၃၀)နာရီက လွှတ်တော် ကိုယ်စားလှယ်များ၊ ပဲခူးခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်ဇော်လတ်၊ ဒိုက်ဦးမြို့နယ် အုပ်ချုပ် ရေးမှူး ဦးဟိန်းသူဝင်းတို့နှင့်အတူ ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက် ကြည့်ရှု၍ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများလှူဒါန်းခဲ့သည်။
ပဲခူးတိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့အား ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်ဝင်းအောင်က ဒိုက်ဦးပြည်သူ့ ဆေးရုံကြီးတွင် ကိုဗစ်−၁၉ ရောဂါလူနာများ တက်ရောက် ကုသပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ကုသရေး အပိုင်း၊ လူနာများထားရှိမှုအပိုင်းများနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် ကျန်းမာရေး အထောက်အကူ ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ လက်သန့်ဆေးရည်ဗူးများ၊ နှာခေါင်းစည်း(Mask)များကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းအောင်ထံသို့လည်းကောင်း၊ မြို့နယ်ကိုဗစ် ကော်မတီအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်း ကို မြို့နယ်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်(ဒိုက်ဦး)