ဖလမ်း ဇန်နဝါရီ ၁၂
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၌ ယနေ့ နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က လူနေအိမ်(၆)လုံး မီးလောင် ပြီး အမျိုးသမီး(၂)ဦး သေဆုံးခဲ့ရာ မီးလောင်ပျက်စီးမှု အခြေအနေကို ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့် ဌာဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် မီးဘေးသင့် အိမ်ထောင်စုများ ထောက်ပံ့ငွေပေးအပ်ခြင်းကို နံနက် ၁၀ နာရီခွဲက ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ချင်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုရေးဝန်ကြီးက မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ရခြင်း အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့က မီးဘေးသင့် အိမ်ထောင်စု(၁၄)စုကို ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး၊ အိမ်ဆောက် ပစ္စည်းဖိုးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)