နေပြည်တော် ဇန်နဝါရီ ၂၇
တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်း အမှတ်(၂)တွင် တတိယအကြိမ် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံ စွာဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ ၁၅၄ ဦးကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်များပေးအပ်သည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူ များက ကတိသစ္စာပြုကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/ စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက ကြသည်။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ အသွားအလာကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ဤကိစ္စအလို့ငှာ အမိန့်တစ်စုံတစ်ရာထပ်မံထုတ်ပြန်သည့် အချိန်အထိ Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်