Skip to main content

လွိုင်ကော်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ် ဖွင့်လှစ်

လွိုင်ကော် ဇန်နဝါရီ ၂၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ကမ်းနားလမ်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း က အဆိုပါရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့် ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်တို့က ရုံးအဆောက်အဦ သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ခေတ္တ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ရုံးအဆောက် အဦဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းကာ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ခေတ္တဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန် ရှိသူတို့က စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ အဆောက်အဦသစ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေ ကျပ်သန်း(၁၄၉.၈၇၁)ဖြင့် နန်းဧရိပ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး အဆောက်အဦအတိုင်းအတာမှာ အလျား(၇၀)ပေ၊ အနံ(၄၅)ပေရှိ Steel Structure (၂)ထပ် အဆောက်အဦဖြစ်ကြောင်း သိရ သည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)