Skip to main content

သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြခြင်းမပြုသည့် သတင်းစာ/ဂျာနယ်များအား အသိပေးဆောင်ရွက်လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆ သတင်းများရေးသားထုတ်လွှင့်ဖော်ပြရာတွင် တည်ဆဲဥပဒေများနှင့် အညီဖြစ်စေရန်နှင့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရဟုလည်းကောင်း၊ အာဏာသိမ်းစစ်ကောင်စီဟုလည်းကောင်း မမှန်မကန် သုံးနှုန်းဖော်ပြခြင်းများ မပြုလုပ်ကြပါရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် မီဒီယာအဖွဲ့ အစည်းများ၊ ထုတ်ဝေနေသော သတင်းစာ/ဂျာနယ်များသို့ အကြောင်းကြားစာ (၃)ကြိမ် ပေးပို့၍ မေတ္တာရပ်ခံဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အချို့သော သတင်းမီဒီယာများနှင့် သတင်းအဖွဲ့အစည်းများသည် အာဏာသိမ်းစစ်အစိုးရ၊ အာဏာသိမ်းစစ်ကောင်စီ စသည့်အသုံးအနှုန်းများကို ဆက်လက်ရေးသားဖော်ပြနေခြင်း၊ လူထုဆူပူ အုံကြွမှုဖြစ်စေရန် ရည်ရွယ်၍ သတင်းမီဒီယာကျင့်ဝတ်နှင့် သွေဖည်ကာရေးသား ဖော်ပြခြင်းတို့ကို ဆက်လက်လုပ်ဆောင်ဖော်ပြနေကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ အဆိုပါ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြခြင်းမပြုသည့် သတင်းစာ၊ ဂျာနယ် များအား သတင်းမီဒီယာ ဥပဒေ အခန်း(၄) ပုဒ်မ(၉)ပါ ပြဋ္ဌာန်းချက်များ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ အခန်း(၄) ပုဒ်မ(၈)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြပေးနိုင်ရေးအတွက် လိုအပ်သလို ကြီးကြပ်ဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ၂၄-၂၂၀၂၁ ရက်နေ့ တွင် ထပ်မံမေတ္တာရပ်ခံအသိပေး အကြောင်းကြားထားကြောင်းနှင့် လိုက်နာခြင်းမရှိပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်