Skip to main content

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်းထမနဲထိုးပွဲကျင်းပ၍ အလှူဒါနပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၂၆ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများအချင်းချင်း ချစ်ခင်စည်းလုံးမှု၊ တစ်ဦး အပေါ်တစ်ဦး နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖြစ်ပေါ်စေရေးအတွက် မြန်မာ့ရိုးရာ ထမနဲ ထိုးပွဲများကို နှစ်စဉ်ကျင်းပခဲ့ရာ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တပို့တွဲလပြည့်နေ့(ဖေဖော်ဝါရီ ၂၆)ရက်နေ့တွင် ရိုးရာမပျက် ထမနဲထိုးပွဲကျင်းပ၍ ပျော်ရွှင်ကြည်နူးလျက်ရှိသည်။ အဆိုပါ ထမနဲများအား ဘုရားပုထိုး စေတီများတွင် ဆွမ်းကပ်လှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်း ဆက်ကပ်ခြင်း၊ ဝန်ထမ်း မိသားစုများသို့ ဝေငှပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်၍ အလှူဒါနပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်