Mar 02, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ ကိုဗစ်-၁၉ စည်းကမ်း နှင့်အညီ လေ့ကျင့်လျက်ရှိသော ၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် အားကစား သမားများ၏ လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 02, 2021
ပြန်ကြားရေးဝန်ကြီးဌာနစုပေါင်းခန်းမတွင် ယနေ့ညနေပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က ဦးဆောင်လျက် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေး မှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြကြောင်း သိရသည်။
Mar 02, 2021
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ မတ်လ (၂)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 02, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ဟောင်း) ဒေါက်တာဝင်းမြတ်အေးသည် ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အရှိန်အဝါကို အသုံးပြု၍ ယင်းဝန်ကြီးဌာနနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ ညွှန်ကြားခြင်းကြောင့် ဝန်ထမ်းများ တာဝန်ပျက်ကွက်မှု၊ ဆူပူဆန္ဒပြမှုများတွင် ပါဝင်စေမှုများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ရာရောက်သဖြင့် ၎င်းအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်ထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။
Mar 02, 2021
ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကပ်ဆိုးကြီးကြောင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများ ကျင်းပရန် ရပ်နားရွှေ့ဆိုင်းခဲ့ပြီး ပြည်တွင်း အားကစားပြိုင်ပွဲများလည်းကျင်းပ နိုင်ခြင်းမရှိခဲ့ဘဲ ယခု ကိုဗစ်-၁၉ ရောဂါ လျော့နည်း လာပြီး ရောဂါ ကာကွယ်မှု နည်းလမ်းများ ပြုလုပ် နိုင်ပြီဖြစ်သောကြောင့် ၂၀၂၁ ခုနှစ် အတွင်း နိုင်ငံ တကာအားကစား ပြိုင်ပွဲများ ကိုဗစ်-၁၉ စည်းကမ်း နှင့်အညီ ပြန်လည်ကျင်းပမည်ဖြစ် သောကြောင့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရေး၊ ပြည်တွင်း အားကစားပြိုင်ပွဲများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ပြန်လည် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိအစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။