Skip to main content

May 14, 2021

ဆူပူအကြမ်းဖက် လူအုပ်စုများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ နိုင်ငံတော်ပိုင်အဆောက်အအုံများ အား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ်ရေးနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို မလို လားသူများက CDM လှုပ်ရှားမှု တွင် မပါဝင်သည့် ကျန်းမာရေး ၊ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်း များ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများကို | ဖိအားပေး ခြိမ်းခြောက်ခြင်း၊ လှုံ့ ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ၊ ကျောင်းသား သမဂ္ဂလှုပ်ရှားမှုများ၊ ဆန္ဒပြဝါဒဖြန့်မှုများ၊ ဆူပူအကြမ်း ဖက်မှုများတွင် ပါဝင်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုများမှ ၎င်းတို့၏သဘောဆန္ဒအလျောက် ၎င်းတို့ ထံတွင်ရှိသော လက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံ၌ ထပ်ဆင့်လွှင့်လုပ်ငန်း များ ဆောင်ရွက်နေမှုများနှင့် စက်ရုံအခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

မတရားသင်းကြေညာထားသော NUG အမည်ခံ ပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေး လွှတ်တော်ကော်မတီတို့၏ ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက်သူများက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက်နေမှုများကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍

ဆက်လက်ဖတ်ရှုရန်

May 14, 2021

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းနှင့် ရခိုင်ပြည်နယ် အမ်းမြို့ ပဲပဒုံကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတို့၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက်(၂၁) နှစ် အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကို နှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြနန္ဒာလမ်းပေါ်ရှိ နိုင်ငံ့ဝန်ထမ်းများ အတွက် ရည်ရွယ်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ တည်ဆောက်ခဲ့သော မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာကို ယခုအခါ ဝန်ကြီးဌာန အသီးသီး အမှုထမ်း၊ အရာထမ်းများမှ မိမိဌာနအကြီးအကဲ ထောက်ခံမှုဖြင့် အငှား နေထိုင်ခွင့်ကို စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်