Skip to main content

CDM လှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှု၊ ဆန္ဒပြဝါဒဖြန့်မှုများနှင့် ဆူပူအကြမ်းဖက်မှု များတွင် ပါဝင်ဆောင်ရွက်သူများအားဖမ်းဆီးရမိ

နေပြည်တော် မေ ၁၃

ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ်ရေးနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို မလို လားသူများက CDM လှုပ်ရှားမှု တွင် မပါဝင်သည့် ကျန်းမာရေး ၊ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်း များ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများကို ဖိအားပေး ခြိမ်းခြောက်ခြင်း၊ လှုံ့ ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ၊ ကျောင်းသား သမဂ္ဂလှုပ်ရှားမှုများ၊ ဆန္ဒပြဝါဒဖြန့်မှုများ၊ ဆူပူအကြမ်း ဖက်မှုများတွင် ပါဝင်ခြင်းများကို လုပ်ဆောင်လျက် ရှိသည်။

ထိုသို့ CDM လှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှု၊ ဆန္ဒပြဝါဒဖြန့်မှုများနှင့် ဆူပူအကြမ်းဖက်မှုများတွင် အဓိက ပါဝင်ဆောင်ရွက်နေသူဖြစ်သည့် တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ ဗျောတောရပ်ကွက် အောင်ခေမာလမ်းနေ မျိုးမင်းဦး(ဘ) ဦးသန်းမြင့်(ထားဝယ်နည်း ပညာတက္ကသိုလ်-စတုတ္ထနှစ်)အား မေ ၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ညောင်ရမ်းတောင် ရပ်ကွက်ရှိ ဇမ္ဗူသီရိနာရေးကူညီမှုအသင်းရုံး၌ ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က/၅၀၅(ဂ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိသည်။

အလားတူ အကြမ်းဖက်မှုများ တွင်ပါဝင်ပြီး ဆူပူအကြမ်းဖက်သူ များအားငွေကြေးနှင့် ဆေးဝါးများ ထောက်ပံ့ပေးသူဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အောင်သစ္စာ ရပ်ကွက်နေ ကလေး ခရိုင် NLD ပါတီ ကော်မတီဝင် ဦးသန့်ဇင်လင်း(ဘ) ဦးကံရွှန်းအား ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် ၎င်းပိုင်ဆိုင်သည့် ချမ်းမြေ့အောင် စည်ရပ်ကွက်ရှိ United စက်သုံး ဆီအရောင်းဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်