နေပြည်တော် မေ ၁၃
တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုများမှ ၎င်းတို့၏သဘောဆန္ဒအလျောက် ၎င်းတို့ ထံတွင်ရှိသော လက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက် ရှိသည်။
ထိုသို့ အပ်နှံရာတွင် မေ ၁၂ ရက်က မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် မိုးကောင်း ကျေးရွာနေ ပြည်သူများမှလက်လုပ်သေနတ် တစ်လက်အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် မြို့တွင်းကျေးရွာ၊ အဂ္ဂရာပြည့်ကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ သိမ်ကုန်း ကျေးရွာ၊ လက်ပံပျဉ်းကျေးရွာနှင့် ခေမံကျေးရွာများမှ တူမီးသေနတ် ခြောက်လက်၊ လက်လုပ်သေနတ် ၄၆ လက်၊ ဂက်စ်သေနတ် တစ်လက်၊ ဒူးလေး တစ်လက်တို့အား လည်းကောင်း၊ မကွေးတိုင်းဒေသကြီး သရက် မြို့နယ် ပိဿလိမ်းကျေးရွာမှ လက်လုပ်သေနတ် လေးလက်အား လည်းကောင်း၊ ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက်မှ လက်လုပ် လေသေနတ်နှစ်လက်အား လည်းကောင်း ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ် ရေးတာဝန်ရှိ သူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်၊ တူမီးသေနတ်နှင့် ဒူးလေးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူ ခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်