နေပြည်တော် မေ ၁၃
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက်(၂၁) နှစ် အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကို နှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ထောက်ပံ့ပေးအပ်
ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ် သည်။
ကြည့်ရှုအားပေး
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်း များဖြစ်သည့် မိတ္ထီလာခရိုင် ဘောလုံးအသင်းနှင့် မန္တလေးခရိုင်ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
အသင်းခုနစ်သင်း ယှဉ်ပြိုင်
အဆိုပါ ဘောလုံးပြိုင်ပွဲကို မေ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသ ကြီး အတွင်းရှိ ခရိုင်အလိုက် ပြိုင်ပွဲဝင် အသင်း ခုနစ်သင်းတို့က ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်