Skip to main content

မြို့နယ်အချို့၌ ဆူပူဆန္ဒပြမှုဖြစ်စဉ်များအား ဦးဆောင်ပြုလုပ်ခဲ့သူများနှင့် နိုင်ငံတော်ဆန့်ကျင်စာသားပါ ဗီနိုင်း၊ ပိုစတာများ ချိတ်ဆွဲ ဆန္ဒဖော်ထုတ်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၂၂ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် မြို့နယ်အချို့၌ ဆူပူဆန္ဒပြမှုဖြစ်စဉ်များအား ဦးဆောင်ပြုလုပ်ခဲ့သူများနှင့် နိုင်ငံတော် ဆန့်ကျင်စာသားပါ ဗီနိုင်း၊ ပိုစတာများ ချိတ်ဆွဲဆန္ဒ ဖော်ထုတ်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။ ဖြစ်စဉ်မှာ ဧပြီလ ၂၁ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆူပူ အကြမ်းဖက် မှုဖြစ်စဉ် များတွင် ဦးဆောင်လှုပ်ရှားခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ နံနက် ၈ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် (၃)ရပ်ကွက်အတွင်းမှ စိန်ဌေး (၅၂)နှစ်(ဘ) ဦးကံညွန့်ပါ အမျိုးသား ၆ ဦးအား လည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပြည်ကြီး တံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ဇီးအုပ်ကွက် သစ်အပိုင်း (၄) နေ မဇာခြည်စိုး (၄၀)နှစ်(ဘ)ဦးစိုးမြင့်အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ အလားတူ ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ရှမ်းပိုင်းရပ်ကွက်ရှိ တံတားသံပေါင်များနှင့် မီးပွိုင့်ကြားရှိ လမ်းလယ်သံပန်းများတွင် ဦးဆောင်သူ (စိစစ်ဆဲ) အင်အား ၁၅ ဦးခန့်မှ နိုင်ငံတော်ဆန့်ကျင်ရေးစာသားများရေးသားထားသည့် စာရွက်များ၊ ဗီနိုင်းများ လိုက်လံချိတ်ဆွဲခြင်း၊ ကပ်ခြင်း များဖြင့် ဆန္ဒဖော်ထုတ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လူအုပ်စု အတွင်းရှိ အမျိုးသား ၁ ဦးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓားမြှောင်ဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါ အကြမ်းဖက်သူများအားလိုက်လံဖမ်းဆီးခဲ့ရာ လောဓမ္မရပ်ကွက်နေ နန်ခမ်းမွန် (၄၀)နှစ်(ဘ) ဦးဖိုးစိန် ပါ အမျိုးသမီး ၃ ဦးအား နိုင်ငံတော်ဆန့်ကျင်ရေးစာသားများရေးသားထားသည့် စာရွက် ၈၅ ရွက်၊ မိုးပျံပူဖောင်း ၁၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်