Skip to main content

Apr 30, 2021

(၂၉-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၅၃၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၇) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၇၆,၃၀၇) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၈၁၇) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ် (မန္တလေး) သို့ရောက်ရှိရာ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး က တက္ကသိုလ်ဆိုင်ရာအချက်အလက်များ၊ တက္ကသိုလ်တွင် အနုပညာဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့နှင့် ဘွဲ့လွန်အနုပညာဒီပလိုမာသင်တန်းများ ပြန်လည်ဖွင့်လှစ်မည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ အနုပညာအထက်တန်းကျောင်း (ပန်တျာကျောင်းနှင့်ပန်းချီ၊ ပန်းပုကျောင်း) (မန္တလေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင်စိုး က သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဧပြီ(၂၉) ရက်တွင် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန (ခရိုင်ရုံး-မိတ္ထီလာ)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန (ခရိုင်ရုံး-မိတ္ထီလာ)၊ ကုန်းလမ်းပို့ဆောင်ရေး (ကုန်စည်ဌာနခွဲ)နှင့် မြစ်ငယ်မြို့ရှိ ကုန်းတွင်းဆိပ် (Dry Port) နေရာများ ဖြစ်သော Kerry Mother Terminal and Logistics Limited ၊ Resource Group Logistics Co.Ltd တို့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)တို့ကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (FDC)ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီး လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာန အပါအဝင် အခြား ၊ သော သက်ဆိုင်ရာ ဆေးကုသမှုဌာနများ ပြန်လည်ဖွင့်လှစ်ကာ ပြင်ပလူနာ၊ အတွင်းလူနာများအား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

ဆူပူအကြမ်းဖက်သူများအနေဖြင့် မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများမှ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ မိုင်းထောင်ထားခြင်းများအား ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်