Skip to main content

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး

 

နေပြည်တော်၊ ဧပြီ ၂၉

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီး လျက်ရှိပါသည်။

 

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်နေသူများဖြစ်သည့် ဒိုးဒိုး() ဟိန်းထက်နိုင် (၁၇)နှစ် ()ဦးဇော်ကြီး၊ ရဲမြင့်အောင်()ကိုရဲ (၄၀)နှစ်() ဦးတင်မောင်နှင့် ကုလား() ကျော်စိုးလွင် (၃၁)နှစ် ()ဦးမင်းသူတို့အား လက်လုပ်သေနတ် လက်၊ လက်လုပ်မိုင်း လုံး၊ အချက်ပြမီးကျည် တောင့်၊ ဖိုင်ဘာဦးထုပ် ၁၀ လုံးနှင့် အခြားဆက်စပ် ပစ္စည်းများအား လည်းကောင်း၊ နံနက် ၁၀ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ်() ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထိပ်အရောက်၌ စိုးမင်းအောင်()အလီ (၄၆)နှစ် ()ဦးစိုးဝင်း မောင်းနှင်လာသော YGN 5G/3889 Suzuki Swift ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်မှ ကန့်မှုန့် ၁၄ ထုပ်၊ ယမ်းစိမ်း ထုပ်နှင့် ဆိုဒါမှုန့် ထုပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၀ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျောက်ကြီးစု  ရပ်ကွက်၊ တိုးချဲ့()လမ်းဘေး၌ ပြုလုပ်ဆဲလက်လုပ် သေနတ် လက်၊ ဒိုင်း ခု၊ ဒူးလေး လက်နှင့် ဂျင်ကလိ ချောင်းတို့အား လည်းကောင်း၊  မွန်းလွဲ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ ဟိုမွန် ရပ်ကွက်၊ (၄၅)ကုန်း၊ ရပ်ကွက်မီးသတ်စခန်းအနီး၌ ဓာတ်ဆီပုလင်း ၉၀ လုံးနှင့် ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊ မွန်းလွဲ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်၊ ကွက်သစ်()လမ်းနေ နိုင်နိုင်ထက်(၂၆)နှစ်()ဦးကျော်ကျော်ဦး၏ လက်လုပ် သေနတ် လက်နှင့် ဆက်စပ်ပစ္စည်း များနှင့်၎င်း၏မိခင်ဖြစ်သူနေထိုင်သော မဇင်းရပ်ကွက်ရှိ စန်းစန်းမော် (၅၀)နှစ် () ဦးကြည်တင်၏ နေအိမ်မှ  ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊  နေ့လယ် နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရိပ်သာလမ်းရှိနေအိမ်၌ ဖြိုးမောင်မောင်ဟိန်း() ဦးဇော်ဟိန်း အား လက်လုပ်ဗုံး လုံး၊ မီးခိုးဗုံး လုံးနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကသဲကျေးရွာ အုပ်စု၊ လူးထရပ်နေ ကျော်ဇင်ထွန်း()ဗိုလ်ထွဋ်()ဦးကျော်ဆွေ နှင့် ဆူပူအကြမ်းဖက်ရာတွင် ပါဝင်သူ ကိုကိုဦး()ဦးစိန်တင် တို့အား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ နှင့် လည်းကောင်း၊ ညနေ နာရီခန့်တွင် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်နေ ညွန့်သူရအောင်()ဦးညွန့်နိုင် အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း အသီးသီးတွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အလားတူ ယနေ့နံနက် နာရီ ၁၅ မိနစ်ခန့်တွင် တောင်ဉက္ကလာပမြို့နယ်၊ (၁၅)ရပ် ကွက်၊ မြင့်သာ()လမ်းရှိ နေအိမ်အတွင်းမှ လက်လုပ်သေနတ် လက်၊ မီးခိုးဗုံး ၁၀ လုံး၊ ဒူးလေး လက်နှင့် ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့် လည်းကောင်း၊ ယနေ့နံနက် နာရီ ၁၆ မိနစ်ခန့်တွင် တောင်ဉက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဘယသင်္ကြန်လမ်းနေ ကျော်ကိုကို()ဦးတင်စိုး အား လက်လုပ်ဗုံး လုံး၊ ဗျောက်အိုး ခု၊ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊  နံနက် နာရီ ၄၀ မိနစ်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ဝေဒီကျေးရွာနေ စိုင်းညီညီ()ဦးသန်းစိုး အား လက်လုပ်သေနတ် လက်နှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

 

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်