နေပြည်တော် ဧပြီ ၃၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဧပြီ(၂၉) ရက်တွင် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန (ခရိုင်ရုံး-မိတ္ထီလာ)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန (ခရိုင်ရုံး-မိတ္ထီလာ)၊ ကုန်းလမ်းပို့ဆောင်ရေး (ကုန်စည်ဌာနခွဲ)နှင့် မြစ်ငယ်မြို့ရှိ ကုန်းတွင်းဆိပ် (Dry Port) နေရာများ ဖြစ်သော Kerry Mother Terminal and Logistics Limited ၊ Resource Group Logistics Co.Ltd တို့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)တို့ကို ကြည့်ရှု စစ်ဆေးသည်။
ဌာနများသို့ ရောက်ရှိချိန်တွင် ပြည်ထောင်စုဝန်ကြီးသည် ဌာနအကြီးအကဲများ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဌာနအကြီးအကဲများက ဌာနများ၏ ဆောင် ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ရေးနှင့် စီမံကိန်း လုပ်ငန်းများ၊ ဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်မှု၊ ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်ရာ ဆောင်ရွက်ထားမှုအခြေ အနေများ၊ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)တွင် တွဲသစ်တည်ဆောက်ရေး လုပ်ငန်းများကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ပြီး ဌာနများမှ အရာထမ်းများနှင့် အမှုထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမတွင် ဝန်ကြီးဌာနလက်အောက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများကို နံနက်ပိုင်းတွင်လည်းကောင်း၊ မြန်မာ့မီးရထား လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)မှ အရာထမ်း၊ အမှုထမ်းများကို မွန်းလွဲပိုင်းတွင် တွဲတည်ဆောက်ရေးစက်ရုံသစ်၊ ရှင်းလင်းဆောင်ခန်းမ၌လည်းကောင်း တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရွေးကောက်ပွဲကာလ မဲစာရင်းအမှား အယွင်းများပြားလွန်းမှုများကြောင့် ရွေးကောက်ပွဲရလာဒ်ကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးခဲ့ခြင်းမရှိသည့်အတွက် နိုင်ငံ တော်တာဝန်ကို ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ပေးနိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ထုတ်ပြန်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဖွဲ့စည်းပြီး နိုင်ငံတော်တာဝန် ထိန်းသိမ်းမှုအပေါ် မကျေနပ်၍ အေးချမ်းစွာဆန္ဒပြနေရာမှ မသမာသူများ၏ သွေးထိုး လှုံ့ဆော်မှုများကြောင့် လူစုလူဝေးများဖြင့် ဆူပူဆန္ဒပြခြင်း၊ လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက် ဆန္ဒပြခြင်း၊ ရရာလက်နက်များဖြင့် တိုက်ခိုက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်ရာတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သား အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့် ဆောင်ရွက်လာပြီး ဝန်ထမ်းများပါ CDM လှုပ်ရှားမှုများတွင် ပါဝင်လာအောင် သွေးထိုး လှုံ့ဆော်ဆောင်ရွက်ခဲ့သဖြင့် ဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်ခဲ့ကြ ကြောင်း၊ အချို့ ဝန်ထမ်းများ ပုဒ်မ၅၀၅-က ဖြင့် တရားစွဲဆို ခံရကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် အကြောင်းအမျိုးမျိုး ကြောင့် CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့မှုကြောင့် အရေးယူခံခဲ့ရသည့် နိုင်ငံဝန်ထမ်းအချို့သည် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့မှု မရှိခဲ့သူများ အနေဖြင့် နိုင်ငံဝန်ထမ်းအဖြစ် ပြန်လည်တာဝန် ထမ်းဆောင်လိုပါက ဝန်ထမ်း၏ ယခင်တာဝန်ထမ်းဆောင်ခဲ့မှုအပေါ်ကျေနပ်ဖွယ်ရှိကြောင်းနှင့် ဆက်လက် တာဝန်ပေးအပ်ရန် သင့်တော်ကြောင်း သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး၏ ထောက်ခံချက်၊ ကာယကံရှင်၏ ဝန်ခံကတိပြုချက်၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် တရားစွဲအဖွဲ့အစည်း များ၏ သဘောထားမှတ်ချက်ထောက်ခံချက်များဖြင့် ရာဇဝတ်ကြောင်း အရ တရားစွဲထားမှုများ ကို ပြန်လည်ရုတ်သိမ်းပေးနိုင်ရေးသုံးသပ်ဆောင်ရွက် ရန်လမ်းညွှန်ပေးထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းပျက်ကွက်မှုများပြားသည့် ဌာနများအနေဖြင့် ဌာန၏လုပ်ငန်းများ ရပ်တန့်သည်အထိ ဖြစ်ပွားခဲ့မှုအပေါ်ပြန်လည်သုံးသပ်ရန်၊ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ မိမိတို့သည် နိုင်ငံဝန်ထမ်းများ ဖြစ်သည့်အတွက် မိမိဌာန၏ လုပ်ငန်းများ ရပ်တန့်မှုမဖြစ်စေရေး၊ လုပ်ငန်းများတိုးတက် အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံဝန်ထမ်း များဖြစ်သည့်အတွက် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဗဟိုပို့ဆောင်ဆက်သွယ် ရေးကျောင်းဝန်း အတွင်းရှိ သင်ကြားမှုအထောက်အကူပစ္စည်းဖြစ်သော ရေနွေးငွေ့စက်ခေါင်း၊ သင်တန်းသားများ စားရိပ်သာ၊ သင်တန်းသားအိပ်ဆောင်များ၊ Driving Simulator၊ စာသင်ခန်းများ၊ ရထားသင် တန်းအထောက်အကူပြုသရုပ်ပြဆောင်၊ မော်တော်ယာဉ်သင်တန်း အထောက်အကူပြုသရုပ်ပြ ဆောင်နှင့် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ၊ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန (ခရိုင်ရုံး-မိတ္ထီလာ)၏ မော်တော်ယာဉ်စစ်ဆေးသည့် စက်ကိရိယာများနှင့် ရုံးအဆောက်အဦ၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန (ခရိုင်ရုံး-မိတ္ထီလာ)၏ ရုံးအဆောက်အဦ၊ ကုန်းလမ်းပို့ဆောင်ရေး (ကုန် စည်ဌာနခွဲ-မိတ္ထီလာ)၏ ယာဉ်မောင်းသင်တန်းကျောင်းနေရာ၊ မြစ်ငယ်မြို့ရှိ ကုန်းတွင်းဆိပ် (Dry Port)နှင့် ဆက်စပ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)