May 05, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးသန်းမြင့်(ဘ)ဦးမောင်တဲ၏ နေအိမ်သို့ ယနေ့နံနက် ၁ နာရီ ၁၅ မိနစ် ခန့်တွင် အကြမ်းဖက်သူလူတစ်စုက ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး နေအိမ် အတွင်းရှိသူများအား တစ်လုံးထိုးလုပ်သေနတ်၊ တူမီးသေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက်၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
May 05, 2021
နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်း များနှင့် ပညာရေး ဝန်ထမ်း များအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှား မှုများ တွင် ပါဝင် လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေး ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသော အောက်ဖော်ပြပါ ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးဖြစ်ပါသည်။
May 05, 2021
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘော ဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။
May 04, 2021
ဆူပူအကြမ်းဖက်လူအုပ်စုများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ နိုင်ငံတော်ပိုင် အဆောက် အဦးများအား မီးကွင်း၊ မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း တို့ ပြုလုပ်ဆောင် လျက်ရှိသည်။
May 04, 2021
(၃-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၄-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၀၅၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၆) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၈၃,၁၅၇) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၈၅၈) ဦး ရှိပြီ ဖြစ်ပါသည်။
May 04, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မေ ၁ ရက် ညနေပိုင်း တွင် မြဝတီမြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်နေသည့် စုပေါင်းဝန်ထမ်း အိမ်ရာသို့ကြည့်ရှုရာ ညွှန်ကြားရေးမှူး၊ ဦးသူရိန်က အသေးစိတ်ရှင်းလင်းတင်ပြသည်။
May 04, 2021
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ်(၃) စက်မှုသင် တန်းကျောင်း(သာဂရ) အစည်းအဝေးခန်းမ၌ အမှတ်(၁၄)အကြီးစား စက်ရုံ၊ အမှတ်(၁၅)အကြီးစားစက်ရုံနှင့် အမှတ်(၂၆) အကြီးစားစက်ရုံတို့မှ ဝန်ထမ်း များနှင့်တွေ့ဆုံသည်။
May 04, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့်အဖွဲ့သည် မေ ၂ ရက် နံနက်ပိုင်းတွင် တနင်္သာရီမြို့နယ် ဘန်လော- ဘန်သဲ -ကျောက်မီး ကျောင်း - မြန်မာအင်းတော် ကျေးရွာချင်းဆက် ၁၀ မိုင် ၁ ဖာလုံ ပေါ်တွင် မြေလမ်း ၂ မိုင် ဖောက်လုပ်ခြင်းနှင့် ကွန်ကရစ်တံတား ပေ ၈၀ ၁ စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 04, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိပါသည်။
May 04, 2021
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းငါးလုပ်ငန်းစခန်းတွင် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ငါးသားပေါက်ထုတ်လုပ်ဖြန့်ချိနေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။