Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြား

နေပြည်တော် ဇွန် ၂၉

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံပညာအထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများ ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများက COMID-19 စည်းမျဉ်းစည်းကမ်း များနှင့် အညီ တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။

ထို့ပြင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင် ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက် ပေးပြီး ကျောင်းများလုံခြုံရေးနှင့် ကျောင်းသားကျောင်းသူများ လုံခြုံရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်