Skip to main content

မန္တလေးတိုင်းဒေသကြီး၏ အရ၊ အသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ခြင်းအစည်းအဝေးကျင်းပ

မန္တလေး ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂ ခုနှစ် မတ်လအထိ ၆ လ ဘတ်ဂျက် အရ၊ အသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြတောင်းခံထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး လွှတ်တော်ရုံးဟောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက ဘတ်ဂျက်များ ရေးဆွဲရာတွင်ရရှိသောငွေပြီးစီးနိုင်သောအခြေအနေ၊ အချိန်ကာလသတ်မှတ်ချက်များကို ထည့်သွင်း စဉ်းစားရန်၊ ဌာနနှင့်တိုင်းဒေသကြီးအတွက် အကျိုးရှိမည့် လုပ်ငန်းများကို ဦးစားပေးရန်နှင့် အဆောက်အဦ၊ စက်ကိရိယာများအတွက် တင်ပြတောင်းခံရာတွင် ဌာနတစ်ခုနှင့်တစ်ခု တွက်ချက် နှုန်းထားများ တူညီရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးသိန်းဌေးက မီနီဘတ်ဂျက် ရေးဆွဲရာတွင် သတ်မှတ်မူဘောင်အတွင်း ရေးဆွဲရ မည့်ကိစ္စရပ်များ၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ရသုံး၊ ခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆွေ က ၂၀၂၁-၂၀၂၂ခုနှစ် မီနီဘတ်ဂျက်အား ငွေစာရင်း ခေါင်းစဉ်များအလိုက် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာနဆိုင်ရာ အဖွဲ့အစည်း ၃၃ ခုတို့မှ တာဝန်ရှိသူ များက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂ ခုနှစ် မတ်လအထိ ၆ လအတွက် ငွေစာရင်း ခေါင်းစဉ်များအလိုက် ရငွေ၊ သုံးငွေ မီနီဘတ်ဂျက်အတွက် လျာထားချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်