Skip to main content

Jul 13, 2021

ပြန်ကြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန၊ စာပေဗိမာန်က ဒေါက်တာမောင်မောင်ရေးသားသည့် "သားမောင်စစ်သည်သို့” စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်သည်။ ယင်းစာအုပ်မှာ စတုတ္ထအကြိမ်ထုတ်ဝေခြင်း ဖြစ်သည်။ ကိုယ်တိုင်လည်း တပ်မတော်သားဖြစ်ပြီး တပ်မတော်သားစစ်သည်တို့၏ ဖခင်ဖြစ်သူက တပ်မတော်သည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည့် အခန်းကဏ္ဍဖြစ်ကြောင်း ရေးသားထားသည့်စာအုပ်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2021

“ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိနိုင်ငံရေးအခြေအနေအရ တချို့နေရာတွေမှာ အခက်အခဲရှိတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ဖြန့်လို့ရတဲ့သူတွေကို ကျွန်တော်တို့က Distribution ပြန်လုပ်မှာပေါ့။ များတဲ့နေရာကနေပြီးတော့ နည်းတဲ့နေရာကို မရှိတဲ့နေရာကို သွားဖို့တစ်ခုရှိမယ်။ နောက်တစ်ခုက အဲဒီလိုမှမရဘူးဆိုရင် ကျွန်တော်တို့က ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ ခန့်ထားဖို့လည်း စီမံပေးထားတာ၊ မှာထားတာရှိပါတယ်။ ဒါလည်း ဆက်လက်အကောင်အထည်ဖော်ဖို့ လိုပါလိမ့်မယ်။ တပ်မတော်က နေပြီးတော့၊ ပြီးတော့ ခုနက Distribution ဆိုတဲ့ နေရာမှာလည်း တပ်မတော်ဘက်က သူတွေလည်း ပါပါတယ်။ ကျွန်တော်တို့လည်း အကုန်လုံးမျှပြီးတော့ ပေးသွားမှာပါ။ အကုန်လုံး စုပြုပြီးတော့ တပ်မတော်ဆေးရုံမှာပဲ cover လုပ်နေလို့လည်း မရပါဘူး။ ဒါဟာ တိုင်းပြည်ရဲ့ အမျိုးသားရေး ဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဇူလိုင်လ ၉ ရက်နေ့က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်