Skip to main content

၁၃၈၃ (၂၀၂၁) ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၃ (၂၀၂၁) ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုကြရာ ဓမ္မာစရိယ၊ သုံးကျမ်းအောင် (ကျမ်းပြီး) (၅၉၇)ပါး၊ နှစ်ကျမ်းအောင် (၇၀၂) ပါး၊ တစ်ကျမ်းအောင် (၁၄၄၂) ပါး၊ ပါဠိဂုဏ်ထူးအောင် (၁) ပါး၊ မြန်မာဂုဏ်ထူးအောင် (၆)ပါး၊ စုစုပေါင်း (၂၇၄၈)ပါး အောင်မြင်တော်မူကြပါသည်။

စုစုပေါင်း ဖြေဆိုသူ (၁၄၈၀၅)ပါးအနက် အောင်မြင်သူ (၂၇၄၈) ပါးဖြစ်၍ (၁၈.၅)ရာခိုင်နှုန်း အောင်မြင်ကြပါသည်။

၁၃၈၃ (၂၀၂၁) ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအနက် ဓမ္မာစရိယ၊ သုံးကျမ်းအောင် (ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင် ပထမ) ရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များမှာ ဖော်ပြပါအတိုင်း ဖြစ်ကြပါသည်။

1

၁၃၈၃ (၂၀၂၁)ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ အောင်စာရင်းကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့မှ ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

 

သတင်းစဉ်