Skip to main content

ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မြို့များ၌ Mask များ ပေးဝေလှူဒါန်း

နေပြည်တော် ဇူလိုင်  ၁၂

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ ငပုတောမြို့၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ လေးမျက်နှာမြို့နှင့် မအူပင်ခရိုင်၊ ဓနုဖြူမြို့များရှိ လူစည်ကားရာ ဘုရားစေတီများ၊ ဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူ Mask ၁၅၀၀၀ ခုကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်