Jul 14, 2021
အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန(EO)၌ ကျင်းပသည်။
Jul 14, 2021
ဇူလိုင် ၁၂ ရက် ည ၈ နာရီမှ ဇူလိုင် ၁၃ ရက် ည ၈ နာရီအထိ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြလူနာ တွေ့ရှိမှုမှာ ရာခိုင်နှုန်း အားဖြင့် ၃၅ ရာခိုင်နှုန်းခန့် ရောက်ရှိလာသည်။ ယင်းမှာ လူသုံးယောက်လျှင် တစ်ယောက်မက ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားနေကြောင်း တွေ့ရှိရသည့် သဘောပင်ဖြစ်သည်။ ကူးစက်မှုနှုန်းမြင့်မားခြင်းနှင့်အတူ ရောဂါပြင်းထန်မှုနှင့် သေဆုံး မှုကိုလည်း မြင့်မားလျက်ရှိသည့်အတွက် ရောဂါကူးစက်မှုကို ထိန်းချုပ်တားဆီးရန် လူတိုင်းက ဂရုပြုဆောင်ရွက်ကြရန်လိုသည်။
Jul 14, 2021
COVID-19 ရောဂါသည် လုံးဝအလျှင်းမပျောက်နိုင်သည့် ရောဂါမျိုးဖြစ်သည်ဟု ယူဆရသည့် အတွက် ကာကွယ်ဆေးများ အမြဲမပြတ်လိုအပ်နေမည်ဖြစ်သဖြင့် မိမိ တို့နိုင်ငံအတွင်း ကာကွယ် ဆေးထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဝန်ကြီး ဌာနနှင့် တပ်မတော်ဆေး သုတေသန တပ်ဖွဲ့ များအားလုံး ပူးပေါင်းဆောင်ရွက်ရန်နှင့် CoVID-19 ရောဂါကာကွယ်ရေးသည် အမျိုးသားရေးဖြစ်သဖြင့် ပုဂ္ဂလိကကဏ္ဍများ ကပါ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော် အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
Jul 13, 2021
၁။ ယခုအခါ နိုင်ငံအတွင်း COVID-19 ကပ်ရောဂါ တတိယလှိုင်းအဖြစ် တိုင်းဒေသကြီး/ပြည်နယ် များတွင် COVID-19 ရောဂါ သံသယလူနာနှင့် COVID-19 ရောဂါ ပိုးတွေ့လူနာ များပြား လျက်ရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများအပေါ် စေတနာအပြည့်အဝထားကာ အထူး ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။
Jul 13, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
Jul 13, 2021
ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ရှင်သန်ရပ်တည်နိုင်ရေး အထောက် အကူပြု Application မိတ်ဆက်ရှင်းလင်းတင်ပြသည့် Skylark ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန နီလာအစည်းအဝေး ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ကျင်းပသည်။
Jul 13, 2021
ဤဆောင်းပါးများကို ရေးရမည်ဆိုလျှင် နိုင်ငံရေးဆိုသောစကားကို ပထမသုံးသပ်ရန်လိုသည်။ “ပြည်ထဲအရေး၊ ပေါက်နှင့်ကျေး၊ ကြက်ဥအရောင်၊ တိမ်တောင် သဖွယ်၊ မင်းရေးကျယ်” စသည်ဖြင့် ရှေးမြန်မာစာများတွင် ဖတ်ရ၏။ မှတ်ရ၏။ ကောင်းလည်းကောင်း၏။ ဆိုးလည်းဆိုး၏။ ကောင်းပုံကား နိုင်ငံရေး၏ ခက်ခဲနက်နဲသောအဓိပ္ပာယ်၊ ကျယ်ဝန်းသောအဓိပ္ပာယ်၊ သိမ်မွေ့သောအဓိပ္ပာယ်တို့ကို ဆောင်၏။ ဆိုးပုံကား ကြားရသူများအား လမ်းစရှာမတွေ့စေဘဲ လူများ များ ဆိုင်းတွင် တီးလိုက်တိုင်း မြည်သည့်စည်ကဲ့သို့ ပညာရှိကြီးသဖွယ် လူများအထင်ကြီးအောင် ပြောကောင်းပြောလို့ရသည့် စကားလည်းဖြစ်၏။ ထို့ကြောင့် ကျွန်တော့်အဖို့မှာ နိုင်ငံရေးအမျိုးမျိုးအကြောင်းကို မရေးခင် နိုင်ငံရေးဆိုသည့်အဓိပ္ပာယ်အကျယ်အဝန်း၊ အတိုင်းအတာကို စဉ်းစားမိ၏။
Jul 13, 2021
မြဝတီနယ်စပ်မှတစ်ဆင့် ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးနှင့် ကုသရေးဆိုင်ရာ ဆေးနှင့်ဆေး ပစ္စည်းများ တင်သွင်းမှုကို ဖြေလျှော့မှုများဖြင့် တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်း ကုန်သွယ် ရေးဦးစီးဌာန မြဝတီကုန်သွယ်ရေးဇုန်မှ သိရသည်။