Skip to main content

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်း ခုနစ်သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော် ဇူလိုင် ၂၁

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ လူထု၏ အရေးပေါ်ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ်ဆောင်ရွက်ပေး လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပ လူနာပေါင်း ၂၇၃၄၄၂ ဦးနှင့် အတွင်းလူနာပေါင်း ၇၉၅၆၀ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ယင်းလူနာများအနက်အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ၁၂၆၈၀ ၊အသေးစားခွဲစိတ်ကုသရန်လိုအပ် သူ ၆၇၉၄ ဦး စုစုပေါင်း ၁၉၄၇၄ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။

ထို့ပြင် ကလေးမီးဖွားလူနာ ၆၅၀၄ ဦးကို ခွဲစိတ် ၍လည်းကောင်း၊ ၉၁၃၁ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ်၁၅၆၃၅ ဦးကို အောင်မြင်စွာမွေးဖွားပေး နိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်