May 27, 2021
ရန်ကုန်မြို့မှ မြန်မာပြည်တစ်ဝန်းသို့ ခရီးသွားလာမှု ပွင့်လန်းလာလျက်ရှိရာ မေလဆန်းမှစ၍ ခရီးသွား လာမှုတိုးလာသောကြောင့် အောင်မင်္ဂလာအဝေး ပြေးမှယာဉ်လိုင်းများတိုးချဲ့ပြေးဆွဲပေးမှုဖြင့် အများ ပြည်သူခရီးသွားလာမှု အဆင်ပြေလျက်ရှိပြီး ယာဉ်
May 27, 2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်းများ၌ မေ ၂၄ ရက်နံနက်ပိုင်းမှ စတင်၍ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူ များနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ အပ်နှံ နိုင်ရေးဆောင်ရွက်ပေးကြသည်။ ကျောင်းနှင့် ကျောင်းသား ကျောင်းသူ များ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူ များနှင့် တာဝန်သိပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိ သည်။ ။
May 27, 2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် နိုင်ငံတော်ပိုင်ရုပ်ရှင်ရုံ ရွှေပြည်တော်(ပုသိမ်)တို့၏ တာဝန်နှင့် ဝတ္တရားလွှဲ ပြောင်းခြင်းစာချုပ်ချုပ်ဆိုခြင်းကို မေ ၂၆ ရက် မွန်းလွဲ၁ နာရီက ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။
May 27, 2021
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက် သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက် ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိသည်။
May 27, 2021
(၂၅-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၁၂၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၂) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၁၄,၆၇၈) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃,၃၁၈) ဦး ရှိပြီ ဖြစ်ပါသည်။
May 27, 2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း မေ ၂၅ ရက် ညနေပိုင်း တွင် လေပြင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်အတွင်းရှိ ညောင်စာရေးကျေးရွာ တွင် လူနေအိမ်(၂)လုံး၊ သရက်တောရပ်ကွက်တွင် လူနေအိမ်(၂)လုံး၊ ကသစ်တိုင်းကျေးရွာ တွင် လူနေအိမ် (၁)လုံး၊ ရှားကျေးရွာတွင် လူနေအိမ်(၄)လုံး၊ မကျီးပေါက်ကုန်းကျေးရွာ တွင် လူနေအိမ်(၅)လုံး၊ လမိုင်းကျေးရွာတွင် လူနေအိမ်(၁)လုံး၊ သာစီကုန်းကျေးရွာတွင် လူနေအိမ်(၄)လုံး၊ စုစုပေါင်းလူနေအိမ်(၁၉)လုံးတို့ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ယနေ့နံနက်ပို်ငးတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တပ်မတော်သား များက အမိုးလန်ပျက်စီးသွားသော လူနေအိမ်များအား ပြန်လည်ပြုပြင်ခြင်း၊ အပျက် အစီးများရှင်းလင်းဖယ်ရှားခြင်းစသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသည်။

နိုင်ငံတစ်ဝန်း လာမည့် ဇွန် ၁ ရက်တွင် စတင်သင်ကြားပေးမည့် ၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်တွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းများ အားလုံး ကိုဗစ်၁၉ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။
May 27, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးသန်းအောင် ကျော်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည့်စက်ရုံများ မှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ရုံး၌ ကျင်းပသည်။
May 27, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့်အတူ ယမန်နေ့ညနေ ၄ နာရီခွဲတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမရှေ့၌ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ အထောက်အထား အပြည့်အစုံဖြင့် လာရောက် လျှောက်ထားသူများကို နေ့ချင်းပြီးဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၀) ကို ကာယကံရှင် တစ်ဦးချင်းထံ ပေးအပ်သည်။