နေပြည်တော် ဇူလိုင် ၂၁
ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၈)ကို ဇူလိုင် ၂၃ ရက် ည ၈ နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းအစီအစဉ်ကို မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော်အဆိုတော်များ ဖြစ်ကြသည့် တင်ဦးလေး၊ ဝိုင်းလမင်းအောင်၊ ထက်မြက်စိုး၊ ထက်ကို၊ ဟိန်းဇော်လင်း၊ ရွှေရည်ဝင်း၊ ဘိုမနှင့် လွင်လွင်မော်တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်