Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၇-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

(၂၆-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၇-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း(၁၃,၆၅၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာCOVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၄,၉၆၄)ဦးတွေ့ရှိရပါသည်။သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း(၃,၁၀၂,၆၈၈)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၇၉,၁၁၉) ဦး ရှိပြီ ဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ(၄,၆၈၁)ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း(၁၉၄,၄၁၀)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၃၃၈) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၇,၈၄၅) ဦး ရှိပါသည်။

ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် -

        နေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါကပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကိုမဖြစ်မနေစနစ်တကျတပ်ဆင်ခြင်း၊လက်ကိုမကြာခဏဆေးကြောခြင်း၊တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်းတို့ကိုအထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြပါရန်၊

        ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက် အတိုင်း COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။

        COVID-19 ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ တရားဝင်အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင် ပါသည်။

# Ministry of Health and Sports, Myanmar