နေပြည်တော် ဇူလိုင် ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွန်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၃)သန်းအား နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဦးတည်အုပ်စုလူဦးရေနှင့် ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများကို အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် သတ်မှတ်အအေးလမ်းကြောင်းစံချိန်စံညွန်းများအတိုင်း အချိန် နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျှက်ရှိရာတွင် ယနေ့မွန်းလွဲပိုင်းအထိ နေပြည်တော်ကောင်စီနယ်မြေသို့ ကာကွယ်ဆေးအရေအတွက်(၁၆၀၀၀)၊ ပဲခူးတိုင်းဒေသကြီးသို့ ကာကွယ်ဆေး အရေအတွက် (၂၄၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီးသို့ ကာကွယ်ဆေး အရေအတွက်(၄၀၀၀၀) ရောက်ရှိပြီးဖြစ် ကြောင်းနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများသို့လည်းဆက်လက်ဖြန့်ဖြူးပေး လျက်ရှိ ကြောင်း သိရသည်။
ထိုသို့ မြေပြင်ခရီးလမ်းကြောင်းမှ ကာကွယ်ဆေးများကို ဖြန့်ဖြူးပေးလျှက်ရှိသည့် အပြင် ဝေးလံခက်ခဲဒေသများသို့ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကာကွယ်ဆေးများ ဆက်လက်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)