အကြမ်းဖက်အဖျက်သမားအချို့ ခိုအောင်းကျန်ရှိနေသေးသည့် ဒေသအနည်းငယ်တွင် ဒေသခံပြည်သူများအကြား စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ခံစားနေကြရကြောင်းကြားသိရသည်။ လက်နက်ကိုင် အဖွဲ့အစည်းအချို့၏သများသို့သွားရောက်၍ ဖောက်ခွဲဖျက်ဆီးရေး သင်တန်း၊ စစ်သင်တန်း၊ အဖျက်အမှောင့်သင်တန်းများရက်ကို တက်ရောက်ခဲ့ကြပြီး ပြန်လည်ခိုးဝင်လာကြသူများ၊ ပြစ်မှုရာဇဝင်ရှိသူ ထောင်ထွက်များအပါအဝင် အစွန်းရောက်စိတ်ဓာတ်ရှိကြသည့် အကြမ်းဖက်သမားတို့က အမည်အမျိုးမျိုးခံ၍ အဖွဲ့အမျိုးမျိုးဖွဲ့ကာ အပြစ်မဲ့ပြည်သူများအား စွပ်စွဲသတ်ဖြတ်ခြင်းအပါအဝင် အကြမ်းဖက် လုပ်ရပ်များကို လုပ်ကိုင်နေကြသည့် မြို့ရွာဒေသများတွင် ပြည်သူများ ကျီးလန့်စာစား အထိတ်တလန့် ဖြစ်နေကြရခြင်းဖြစ်သည်။
နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ အခြေခံအကျဆုံး အဖွဲ့အစည်းဖြစ်သည့် ရပ်/ကျေး စီမံအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်/ကျေး စီမံအုပ်ချုပ်ရေး ရုံးများ၊ စာသင်ကျောင်းများနှင့် ကျောင်းဆရာ ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လျှပ်စစ်ရုံးများနှင့် ဝန်ထမ်းများစသည့် အရပ်ဘက်အဖွဲ့အစည်းများကို ပစ်မှတ်ထားကာ သတ်ဖြက်ဖျက်ဆီးမှုများ ပြုလုပ်ကြသည့်အပြင် ရပ်ရွာအတွင်းရှိ လူသိထင်ရှား သူများကိုပါ စွပ်စွဲခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းတို့ကို အကြမ်းဖက်သမားများက နာမည်အမျိုးမျိုးခံကာ ပြုလုပ်နေကြကြောင်း သိရသည်။ NUG ၏ ရည်မှန်းချက်ဖြစ်သည့် သပိတ်မှစ၍ သူပုန်ထကာ ဒေသအလိုက်ဖွဲ့စည်းထားသည့် PDF အဖွဲ့များနှင့် နဂိုရှိပြီးဖြစ်သည့် EAOsများ ပူးပေါင်းပြီး တစ်ပြိုင်တည်း တိုက်ခိုက်ခြင်းဖြင့် နိုင်ငံ့အာဏာကို ရယူရန်ဟူသော စိတ်ကူးမဟာဗျူဟာမှာ ပုံပျက်ပန်းပျက်ဖြစ်နေပြီး ကြေးစားလူမိုက်တို့ ပိုက်ဆံယူ လူသတ်သည့် ရာဇဝတ်မှု သက်သက်သာ ဖြစ်နေပြီဖြစ်သည်။
ရပ်ရွာဒေသများ အေးချမ်းသာယာစေရန်၊ ပြည်သူများဘဝ လုံခြုံမှုရှိစေရန်မှာ တရားဥပဒေစိုးမိုးမှုရှိဖို့က အဓိကဖြစ်သည်။ တရားဥပဒေစိုးမိုးရေး (Rule of Law) ၏ အဓိကအကြောင်းခြင်းရာများမှာ ရပ်ရွာနေပြည်သူများဘဝ ငြိမ်းချမ်းသာယာစေရန်၊ ရောင်းဝယ် ဖောက်ကား စီးပွားကုန်သွယ်မှုတို့အဆင်ပြေချောမွေ့စေရန်၊ လူမှုရေးပြဿနာများကို တရားဥပဒေဖြင့် တရားမျှတစွာ ဆုံးဖြတ်ဖြေရှင်းပေးနိုင်ရန်၊ လူအချင်းချင်းဖြစ်သည့် ပဋိပက္ခများကို ရန်တုံ့ပြန်ခြင်းမပြုဘဲ တရားဥပဒေဖြင့် ဖြေရှင်းပေးနိုင်ရန်၊ သွေးထွက်သံယိုဖြစ်ပွားမှုများ၊ မင်းမဲ့စရိုက်အခြေအနေ ဖြစ်ပေါ်နေမှုများကို တရားဥပဒေအရ ကားမြစ်ဟန့်တားနိုင်ရန်၊ စီးပွားကုန်သွယ်မှုတို့ချောမွေ့စေရေးအတွက် လိုအပ်သော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်ဆောင်ရွက်ပေးပြီး ပဋိညာဉ်များကို လေးစားကြစေရန်ဖြစ်သည်။ သို့ဖြစ်ရာ ကရားဥပဒေစိုးမိုးမှုရှိမှသာလျှင် ရပ်ရွာအေးချမ်းသာယာပြီး ရောင်းဝယ်ဖောက်ကားမှုများ အဆင်ပြေချောမွေ့ကာ ရပ်ရွာနေပြည်သူများ၏ လူမှုဘဝများ လုံခြုံတည်ငြိမ်ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်သည်ဟူသောအချက်မှာ ထင်ရှားပေါ်လွင်နေသည်ကို တွေ့နိုင် သည်။
တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသော ဆိုရိုးစကားပမာ နိုင်ငံရေးမကျေလည်မှု၊ မကျေနပ်မှုတို့ကို အကြောင်းပြပြီး အကြမ်းဖက်အုပ်စုများနှင့် ရာဇဝတ်ဂိုဏ်းများ ထကြွလာကြ ခြင်းမှာငြိမ်းခါနီး နောက်ဆုံးမီးတောက်နှင့် မီးကြွင်းမီးကျန်မျှသာဖြစ်ပြီး ပြည်သူများက မလိုလားလက်မခံ ဆန့်ကျင်သည်နှင့်အမျှ အမြန်ဆုံး နိဂုံးချုပ်ကြရမှာ ဖြစ်သည်။ အေးချမ်းစွာ နေလိုသူပြည်သူကို ဥပဒေက အကာအကွယ်ပေးထားခြင်းဖြစ်ပြီး ဥပဒေပြင်ပမှရာဇဝက်သားတို့မှာ ရေရှည်တွင် ပြေး၍မလွတ်။ အရေးယူအပြစ်ပေးခံကြရမှာ ဖြစ်သည်။ အကြမ်းဖက်မှုကို အမြန်ဆုံး ချုပ်ငြိမ်းရန်မှာ အကြမ်းဖက်သမားနှင့် ရာဇဝတ်သားတို့ကို အမြန်ဆုံးဖော်ထုတ်ရန် လိုအပ်သည့်အလျောက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများဖြင့် ရပ်ရွာဒေသများ အေးချမ်း သာယာကြစေလိုပါကြောင်း။ ။