Jun 16, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် မျိုးရိုးဗီဇကွဲ COVID-19 ရောဂါ ပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအားလည်း အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် (၃-၆-၂၀၂၁)ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ Defence Service Medical Research Center မှစစ်ဆေးသည့် ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ COVID-19 မျိုးရိုးဗီဇ ပြောင်းလဲသောပိုးတွေ့ရှိသူ (၁၁)ဦးရှိကြောင်း တွေ့ရှိရပြီး ကလေးမြို့တွင်(၁)ဦး၊ မြိတ်မြို့တွင်(၃)ဦး၊ မန္တလေးမြို့တွင်(၄)ဦး၊ တမူးမြို့တွင်(၂)ဦး၊ ရန်ကုန်မြို့တွင် ပြည်ပပြန်(၁)ဦး တွေ့ရှိကြောင်း သတင်း ရရှိပါသည်။
Jun 16, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း နှင့်ပတ်သက်သော ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Jun 16, 2021
ကိုဗစ်-၁၉ ကပ်ရောဂါသည် မြန်မာနိုင်ငံ၌ ယခု မေလကုန်၊ ဇွန်လဆန်းမှစတင်၍ ရောဂါဖြစ်ပွားနှုန်း ပြန်လည်မြင့်တက်လာခဲ့သည်။ ယခုအခါ တစ်နေ့လျှင် ဓာတ်ခွဲ အတည်ပြုလူနာ ရာဂဏန်းတွေ့ရှိနေပြီး နေ့စဉ်ထပ်မံသေဆုံးသူများလည်း ရှိနေသည်။ ဇွန်လဒုတိယပတ်မှစတင်၍ လူနာသစ် ရာဂဏန်းနှစ်ဆကျော်လာသဖြင့် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအပြင် ကုသရေးအတွက်ပါ အလျင်အမြန် ဆောင်ရွက်ကြရမည်ဖြစ်သည်။
Jun 16, 2021
နိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် မိုးရွာသွန်းခြင်းနှင့်အတူ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပနေကြပြီဖြစ်သည်။ ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ်ထားပြီး နှစ်စဉ်စိုက်ပျိုးခဲ့ကြရာစတင်စိုက်ပျိုးစဉ်ကပင် နည်းစနစ်မကျခြင်း၊ စိုက်ပျိုးသည့် သစ်ပင်မှာ ရှင်သန်ဖွံ့ဖြိုးရန် အခွင့်အလမ်းနည်းပါး သည့် အရွယ်အစားဖြစ်နေခြင်း၊ ဆက်လက်ပြုစုပျိုးထောင်မှု မပြုလုပ်ခြင်း စသည့်အကြောင်းများကြောင့် သန်းနှင့်သိန်းနှင့်ချီ၍ စိုက်ခဲ့ကြသည့် သစ်ပင်များရှင်သန်ဖြစ်ထွန်းမှု နည်းပါး လှသည်ကိုလည်း သတိပြုမိသည်။ အကယ်၍သာ စိုက်သမျှ ရှင်သန်ဖြစ်ထွန်းခဲ့မည်ဆိုလျှင် မြို့ရွာဒေသအနှံ့အပြားတွင် သစ်ပင်များ သစ်ရိပ်များဖြင့် စိမ်းစိုဖုံးလွှမ်းနေမည်ဖြစ်သည်။
Jun 15, 2021
(၁၄-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၁၉၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၂၅) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၅၄,၂၅၂) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၆,၀၅၁) ဦး ရှိပြီ ဖြစ်ပါသည်။
Jun 15, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့် နိုင်ငံတကာနှင့်ပြည်တွင်းရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် တာဝန်ရှိသူများသည် ယနေ့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း ဒါရူဆလာမ်နိုင်ငံက ဦးစီးကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ Video Conference စနစ်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်ကြသည်။
Jun 15, 2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုသည် ယနေ့နံနက် ၈ နာရီခွဲတွင် အောင်မြေသာစံမြို့နယ် ၂၂ လမ်း၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားရှိ အောင်မြေမန္တလာ အားကစားကွင်းအတွင်း ထပ်မံတိုးချဲ့တည်ဆောက်နိုင်မည့် အခြေအနေကို လိုက်လံကြည့်ရှုသည်။
Jun 15, 2021
တိုင်းဒေသကြီး ပြည်နယ်များရှိ ရေမြေအခြေအနေနှင့်ဆီလျော်သည့် ဒေသများတွင်လည်း မွေးမြူရေးဇုန်များ ဖော်ထုတ်လုပ်ကိုင်နိုင်ရေးကို အားပေးကူညီသွားမည်ဖြစ်ကြောင်း၊ လွှတ်ကျောင်း မွေးမြူရေးစနစ်မှ စိုက်ပျိုးထုတ်လုပ်ပြီး မွေးမြူသည့်စနစ်သို့ ကူးပြောင်းဆောင်ရွက်ရန် တိရစ္ဆာန်အစားအစာပင်များ လိုအပ်ကြောင်း ဇွန် ၁၃ ရက်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာ၌ ဌာနဆိုင်ရာများ၊ ဒေသနေ တောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။