နေပြည်တော် ဩဂုတ် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင် အချုပ်ထောင်နှင့် ယနေ့နံနက်ပိုင်းတွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်အချုပ်ထောင်သို့ ကြည့်ရှုစစ် ဆေးပြီး အချုပ်ထောင်ဗဟိုကင်းစစ်ရေးပြအဖွဲ့ကို ထောင်တာဝန်ရှိသူများ အနေဖြင့် နေ့စဉ် စစ်ဆေးရန်လိုအပ်ကြောင်း၊ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး အထူးဂရုစိုက်ရန်လိုအပ်ကြောင်း၊ စည်းကမ်းဖောက်ဖျက်မှုမရှိစေရေး စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ထိန်းသိမ်း ကြပ်မတ်ရန် လိုအပ်ကြောင်း၊ ဗဟိုကင်းအဖွဲ့အနေဖြင့် သစ္စာရှိ၍ တာဝန်ကျေပွန်စွာ အဖွဲ့စနစ်ဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ဝတ်စားဆင်ယင် မှုစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဝတ်ဆင်ရမည်ဖြစ်ကြောင်း၊ အကျဉ်းသားများကို အချုပ် ထောင်စည်း ကမ်းများနှင့်အညီ ထားရှိပြီးရသင့်ရထိုက်သည့် ကျွေးမွေးမှုများကိုလည်း ကောင်း မွန်မှန်ကန်စွာ ကျွေးမွေးရန်နှင့် ထောင်အတွင်းပို့ မည့်ရိက္ခာများကို ဘုတ်အဖွဲ့ဖြင့် စနစ်တကျ စစ်ဆေးရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် အချုပ်ထောင်ရှိ စားရိပ်သာဂိုဒေါင်၊ အကျဉ်းသား အိပ်ဆောင်၊ စာကြည့် တိုက်၊ စားဖိုဆောင်၊ ဆေးကုသ ဆောင်၊ သောက်ရေသန့်စက်ရုံ၊ အကျဉ်းသားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးစီးမှုနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီး ထိန်းချုပ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များနှင့်အညီ လိုက်နာမှုရှိစေရေး တင်းတင်း ကြပ်ကြပ်ဆောင်ရွက်ရေးအတွက် အကျဉ်းသားများကို ဦးစီးကြပ်မတ်ရသည့် ဝန်ထမ်းများ ကပါ တိကျစွာ လိုက်နာကျင့်သုံးကြရေး လှည့်လည်ကြည့်ရှုစစ်ဆေးကာ စားရိပ်သာတွင် ရိက္ခာများကို စနစ်တကျထားရှိရေး၊ စာရင်းနှင့် မြေပြင်ရှိ ပစ္စည်းများ ကိုက်ညီမှန်ကန်မှု ရှိစေရန် ပုံမှန် စစ်ဆေးကြပ်မတ်ရေး၊ အိပ်ဆောင်များရှိ ရေသုံးစွဲမှု၊ ရေရရှိမှု၊လောက်ငှမှု ရှိစေရန် စီစဉ်ဆောင် ရွက်ပေးရေး၊ နေ့စဉ်ထုတ် မြဝတီ၊ မြန်မာ့အလင်း၊ ကြေးမုံ သတင်း စာများကို အဆောင် အလိုက်ထားရှိပေးရန်နှင့် အဆောင်တိုင်းတွင် ရုပ်မြင်သံကြား စက်များ အသစ်ထပ်မံတပ်ဆင် ပေးရေး၊ စာကြည့်တိုက်မှူးထားရှိပြီး စာအုပ်များအား စနစ်တကျ ထုတ်ပေးနိုင်ရေး၊ သုတရသ စာပေများ ဖတ်ရှုနိုင်စေရေး ဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်ဆောင် ရွက်ရေးတို့ကို မှာကြားသည်။
ယင်းနောက် မော်လမြိုင်မြို့ရှိ ရာမညဇာနည်ခန်းမတွင် ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဌာနတိုင်းစိုက်ပျိုး၊ မွေးမြူရေး တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြရန်နှင့် လတ်တလော ကာလတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ပြားနေသဖြင့် ကူးစက်မှု မခံရစေရေး ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်သွား လာရေးတို့ကို မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ကျိုက်မရောမြို့၊ ကျိုက်မရော ဗဟို အကျဉ်း ထောင်ရှိ ဗဟိုကင်းစစ်ရေးပြအဖွဲ့၊ အကျဉ်းသားအိပ်ဆောင်၊ ဆေးကုသဆောင်၊ စားဖို ဆောင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ဗဟိုအကျဉ်းထောင်ဝင်းအတွင်းရှိ နေအိမ်လိုင်းခန်းများကို မော်တော် ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးကာ ထောင်တာဝန်ခံ အရာရှိရုံးခန်း၌ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
(သတင်းစဉ်)