နေပြည်တော် ဩဂုတ် ၂၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး အတွက် အများပြည်သူရုံးပိတ်ရက် များတွင်လည်း ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ Oxygen Concentrator၆၀၆ ခု၊ PPE ဝတ်စုံ ၅၀၀ နှင့် ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်)အိုး ၁၂ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၁၄၄၀ ၊ Oxygen(အရည်) Storage Container/ Tank တစ်ခုOxygen Generator တစ်လုံး အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ ထီးခီ၊ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်(အရည်) Bowser ယာဉ် နှစ်စီးဖြင့် ၃၉ တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၃၆ တန်၊ Oxygen (အရည်) Storage Container/ Tank တစ်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၆၉၀၃ ခု၊ အောက်ဆီဂျင် Plant ခုနစ်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၁၄၄၀ ၊ Oxygen(အရည်) Storage Container/ Tank odal Oxygen Generator တစ်လုံး အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ ထီးခီ၊ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်(အရည်) Bowser ယာဉ် နှစ်စီးဖြင့် ၃၉ တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၃၆ တန်၊ Oxygen (အရည်) Storage Container/ Tank တစ်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၆၉၀၃ ခု၊ အောက်ဆီဂျင် Plant ခုနစ်ခု၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator)ခြောက်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၁၁၁၃ ခု၊ Covid Test Kit ၂၄၀၀၀၊ PPE ဝတ်စုံ ၁၁၂၅၀၀၊ လက်အိတ် ၁၃ တန်နှင့် နှာခေါင်းစည်း (Mask) ၆၇ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၂၉ခုမှယာဉ်စီးရေ ၅၄ စီးဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ်၂၁ ရက်အထိ ယာဉ်စီးရေ ၁၉၃၇ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် တန် ၁၉၃၀၊ အောက်ဆီဂျင် အရည်(အိုးဖြင့်) ၈၇၇ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (Bowser)ယာဉ်ဖြင့် ကိုးတန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၈၇ တန်၊ Storage Container ၁၃ ခု၊ အောက်ဆီဂျင် (အရည်) Distributor ခြောက်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၁၈၃၁၅၁ ခု၊ Oxygen Plant ၄၈ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် ခြောက်ခု၊ အောက်ဆီဂျင်ဖြည့်ကိရိယာနှစ်စုံ၊ Oxygen Generator ၂၈ ခု အိမ်သုံးအောက်ဆီဂျင် (Oxygen Concentrator) ၁၅၂၆၂၅ခု၊ Test Kit ၅၀၈၆၈၆ ခု၊ PPE ဝတ်စုံ ၈၅၅၄၀၀၊ လက်အိတ် ၁၁၃ တန်နှင့် နှာခေါင်းစည်း (Mask)၂၇၁၂တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၁ရက်မှ သြဂုတ်၂၁ ရက်အထိ ပြည်ပမှတင်သွင်းလာသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ် စုစုပေါင်း ၉၅ စီးမှာ ရန်ကုန်မြို့သို့ အစီး ၇၀၊ မန္တလေးမြို့သို့ ၁၅ စီး၊ မော်လမြိုင်မြို့သို့ လေးစီး၊ ပဲခူးမြို့သို့ နှစ်စီး၊ သထုံမြို့သို့ တစ်စီး၊ သံဖြူ ဇရပ်မြို့သို့ တစ်စီး၊ မုံရွာမြို့သို့ တစ်စီး၊ နေပြည်တော် သို့ တစ်စီးဖြစ်ကြောင်း သိရှိရသည်။ Oxygen Plant စုစုပေါင်း ၄၈ ခုမှာ ရန်ကုန်မြို့သို့ ၁၅ ခု၊ လားရှိုးမြို့ သို့ ငါးခု၊ မန္တလေးမြို့သို့ ငါးခု၊ ပဲခူးမြို့သို့ လေးခု၊ ကျောက်ပန်းတောင်းမြို့ သုံးခု၊ ပခုက္ကူမြို့သို့ နှစ်ခု၊ ဘားအံမြို့သို့ နှစ်ခု၊ မော်လမြိုင်မြို့သို့ နှစ်ခု၊ မုံရွာ မြို့သို့ နှစ်ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ မိုးကောင်းမြို့နှင့် ကျောက်တံခါးမြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရှိ ရသည်။
ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ဩဂုတ် ၂၃ ရက်မှ ၃၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်း ထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နှင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါ ရက်များတွင် ကုန်သွယ်ရေး ဦးစီးဌာန(ရုံးချုပ်) ပို့ကုန် သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ အွန်လိုင်း စနစ်ဖြင့် ပို့ကုန်သွင်းကုန် လိုင်စင် လျှောက်ထား မှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ယနေ့ရက် နေ့စွဲဖြင့် အသိပေးကြေညာ ချက် ထုတ်ပြန် ထားကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေး ပစ္စည်းများတင်သွင်းရာတွင်လွယ်ကူမြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ရေး အတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ Contact Person များနှင့် အသိပေးကြေညာ ချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရသည်။
သတင်းစဉ်