Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း (၂၁-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

 
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
 
တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊
 
နေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါကပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကိုမဖြစ်မနေစနစ်တကျတပ်ဆင်ခြင်း၊
 
လက်ကိုမကြာခဏဆေးကြောခြင်း၊
 
တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်း၊
 
မိမိတို့ နေအိမ်တွင် အသက် (၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခုခံစားနေရသူရှိပါကထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊
COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကိုအထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။
 
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၂၀-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၁-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း(၁၀,၈၅၅)ခုအားစစ်ဆေးပြီးစီးခဲ့ရာCOVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၂,၇၄၄)ဦးတွေ့ရှိရပါသည်။
 
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း(၃,၄၁၇,၂၁၈)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၃၇၁,၅၁၂) ဦး ရှိပြီ ဖြစ်ပါသည်။
 
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၄,၅၁၅) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၂၉၅,၃၃၈)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁၄၀) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၄,၂၃၆) ဦး ရှိပါသည်။